ပရိသတ်အချစ်တော် မင်းသားချောဇေရဲထက်ကတော့ ဖိုးလပြည့်ကို ချီးမွှန်းစကားလေးဆိုလိုက်ပါတယ်။ ဖိုးလပြည့်ဟာ ဘယ်လိုစိတ်သဘောထားကောင်းကြောင်း စိတ်ဓာတ်ပြည့်ကြောင်းကို သူရဲ့လူမှုကွန်ယက်က နေရေးသားဖော်ပြလိုက်တာပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ကတော့ အရမ်းခင်တဲ့ သူငယ်ချင်းတွေဖြစ်ကြသလို အကိုတို့နဲ့ တွေ့ရတာ တကယ်ကိုဘုရားပေးတဲ့ ဆုလာဒ်တစ်ခုပါပဲလို့ ဇေရဲထက်က ပြောပြလိုက်တာပဲဖြစ်ပါ တယ်။ 

ဇေရဲထက်တို့ သူငယ်ချင်းနှစ်ယောက်ကတော့ အလုပ်အားတဲ့ရက်လေးမှာ ညစာစားရင်း စကားလက်ဆုံကျခဲ့ကြ တာပဲဖြစ်ပါတယ်။သူငယ်ချင်းတွေ ညစာစားရင်းစကားလက်ဆုံကျခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း သူရဲ့ လူမှုကွန်ယက်မှာမျှဝေထားတာလည်း တွေ့ရပါတယ်။ဇေရဲထက်ကတော့ အကိုတွေနဲ့ တွေ့ပြီး ပျော်ပျော်ပါးပါး စကားပြောခဲ့ကြရတာကို အရမ်းကိုပျော်ရွှင်ကြည်နူးနေပုံရပါတယ်။ 

သူရဲ့လူမှုကွန်ယက်မှာတော့ “အကိုတွေနဲ့စကားပြောရတာ အရမ်းကောင်းပါတယ် ကိုဖိုးလပြည့် သဘောကော စိတ်ထားကော အရမ်းပြည့်သလို ကိုချမ်းလည်း အရမ်းကိုဖြူစင်ပါတယ်၊ အကိုတို့လို လူတွေနဲ့တွေ့ရတာ ဘုရားပေးတဲ့ ဆု တစ်ခုပါ” ရေးသားခဲ့တာပဲဖြစ်ပါတယ်။အခုလိုမျိုးအချိန်ရရင်ရသလို သူငယ်ချင်း နှစ်ယောက် ဆုံပြီးစကားတွေပြောကြသလို လူမှုကွန်ယက်ကနေလည်း အဆက်အသွယ်မပြတ်ရှိနေကြတာပဲဖြစ်ပါတယ်။ ဖိုးလပြည့်ကလည်း အခုနောက်ပိုင်းမှာ သီချင်း Cover MTV လေးတွေရိုက်ကူးတာဖြစ်တာကြောင့် အကယ်၍သူ တို့နှစ်ယောက် အနုပညာလုပ်ငန်းတွေအတူတူတွဲလုပ်လာတဲ့ အခါမှာတော့ ပရိသတ်တွေအားပေးကြမှာလား ???။ 

သတင်းအရင်းအမြစ် - ဇေရဲထက်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။