လူငယ်ဟစ်ဟော့အဆိုတော်တစ်ဦးဖြစ်တဲ့ Gfatt ကတော့ အနုပညာလောကမှာ အတော်လေးအောင်မြင်နေပြီဖြစ်ပါတယ်။

ဂီတလမ်းကြောင်းမှာရော သရုပ်ဆောင်ဘက်မှာပါ လုပ်နေရပြီမို့ သူ့ကိုချစ်ခင်အားပေးတဲ့ လူငယ်ပရိသတ်တွေကတော့ ဒုနဲ့ ဒေးပါပဲ။

အချစ်ရေးနဲ့ပတ်သက်ပြီး အေးဆေးပါပဲလို့ ဖြေလေ့ရှိတဲ့ ဂျီဖတ်တစ်ယောက် အင်စတာဂရမ်အကောင့်မှာသာ ချစ်သူနန်းစုရတီစိုးနဲ့ ပုံကို တင်ေ့လရှိပါတယ်။

တလောကမှ ကားအသစ်တစ်စီးဝယ်ထားတာမကြာသေးတဲ့ ဂျီဖတ်ကတော့ မနေ့က သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ စိန်လက်စွပ်ဝတ်ထားတဲ့ ဆက်ဖီဓာတ်ပုံတစ်ပုံကို တင်ထားတာတွေ့ရပါတယ်။

တဖျက်ဖျက်လက်နေတဲ့ အဲ့ဒီလက်စွပ်လေးကိုတော့ လက်တလောမှာ ပရိသတ်တိုင်းက စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

တကယ်တော့ သူ့ရဲ့လက်စွပ်လေးဟာ ၀ယ်ထားတာအနည်းငယ်ကြာနေပြီဖြစ်ပေမယ့် "လက်စွပ်ကြီးက ပြူးလို့ " ဆိုတဲ့စာလေးရေးကာ နောက်ပြောင်ထားတာဖြစ်ပါတယ်။ 

ချစ်သူများနေ့မှာ အသံတိတ်နေခဲ့တဲ့ ဂျီဖတ်တစ်ယောက် အခုလို ချစ်သူများနေ့ပြီးနောက်မှာ လက်စွပ်လေးထုတ်ကြွားလိုက်ပုံရရင်တော့ ဒီလက်စွပ်လေးကို ပေးတဲ့သူကို ပရိသတ်တွေကတော့ ထင်ကြေးတွေပေးနေကြပါတယ်။

ဒါ့ပြင် ရှိုးပွဲတွေဆက်တိုက်ဖျော်ဖြေနေတဲ့ ဂျီဖတ် နဲ့ နန်းစု တို့ ချစ်သူနှစ်ဦးဟာ မကြာခဏ ဆိုသလို ခရီးတွေအတူတူထွက်နေပြီး လိုက်ဖက်ညီလှတဲ့ စုံတွဲလေးဖြစ်ပါတယ်။

ဂျီဖတ်ဟာ နန်းစု ကို မကြီးလို့ ချစ်စနိုးလေးခေါ်ဝေါ်လေ့ရှိပြီး သူတို့နှစ်ယောက် လေယာဉ်နောက်ကျလို့  သူ့ရဲ့အင်စတာဂရမ်မှာ တင်ထားပါတယ်။

အနုပညာလောကမှာ လိုက်ဖက်ညီလှတဲ့ ၀ါသနာတူစုံတွဲလေးဖြစ်တဲ့ ဂျီဖတ်နဲ့ နန်းစုကို ချစ်တဲ့သူတွေရှိလား။  

Source- Gfatt instagram 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။