မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုများစွာရရှိနေတဲ့ မင်းသားထဲမှာ သရုပ်ဆောင်မင်းသားချော နေဒွေးတစ်ယောက်လည်း ပါ၀င်ပါတယ်။

ပြည်ထောင်စုသစ္စာဇာတ်လမ်းမှာ တပ်မတော်သားတစ်ဦးအဖြစ် ပါ၀င်သရုပ်ဆောင်ခဲ့ရင်းကနေ ပရိသတ်အားပေးမှုပိုများလာတာဖြစ််ပါတယ်။

အနုုပညာလောကမှာ နေရာတစ်နေရာအခိုင်အမာရရှိထားတဲ့ နေဒွေးဟာ သူ့ကိုချစ်တဲ့ ပရိသတ်တွေနဲ့လည်း လူမှုကွန်ရက်မှာပါ တရင်းတနှီး နေလေ့ရှိသူဖြစ်ပါတယ်။

ဓာတ်ဖမ်းရတာ သိပ်ပြီးဝါသနာပါပုံမရတဲ့ နေဒွေးကတော့ ပြင်ဦးလွင်ရောက်နေတုန်း ဖေဖော်ဝါရီလ(၁၇)ရက်နေ့ နေ့လည်လောက်မှာ သူ့ကိုချစ်တဲ့ပရိသတ်တွေရဲ ့ သဘောအလိုကျ တိုင်း ဓာတ်ပုံတွေအများကြီး ရိုက်ဖြစ်တယ်လို့ဆိုပါတယ်။

"ဓါတ်ဖမ်းတာဝါသနာမပါလို့ ပုံကောင်းကောင်းမရှိလို့ အမြဲတမ်းချစ်ပရိသတ်တွေဆူတာခံရတယ်

ခုရှုတင်အားတုန်းအဝဓါတ်ဖမ်းထားတယ်"

မိခင်ဖြစ်သူနဲ့ပါအတူတူရိုက်ထားတဲ့ ဓာတ်ပုံလေးတွေအပါ၀င် သူ့ရဲ့ တစ်ကိုယ်တော်ဂိုက်ပေးကြမ်းနေတဲ့ ပုံလေးတွေကို အမုန်းတင်လိုက်တဲ့အကြောင်း အခုလိုပဲ ရေးသားထားပါတယ်။

နာမည်ကျော်မင်းသားတစ်လက်ပီပီ အမြဲတမ်းစတိုင်မိုက်နေတဲ့ နေဒွေးရဲ့ အမိုက်စားပုံရိပ်တွေကို ပရိသတ်တွေလည်း သဘောကျကျေနပ်မိမယ်လို့မျှော်လင့်ပါတယ်။

နေဒွေးဟာ ရုပ်ရှင်ဇာတ်ကားများစွာမှာ ပါ၀င်သရုပ်ဆောင်ထားရသလို အနုပညာလောကရဲ့ နာမည်ရမင်းသားတစ်လက်အဖြစ်လည်း ဇာတ်ကားတွေဆက်တိုက်ရိုက်ကူးနေရပါတယ်။  

Source :NayDway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။