ဖေဖော်ဝါရီ (၁၆)ရက်နေ့ နေ့လည်(၂ )နာရီခန့်အချိန် ရခိုင်ပြည်နယ် ဂွမြို့တွင် ၁၂ ဘီးကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။အဆိုပါယာဉ်ဟာ ရန်ကုန် မြို့မှ ဂွမြို့နယ်ရှိ ကိုင်းခုံကျေးရွာသို့ ကုန်မာပစ္စည်းများ တင်ဆောင်မောင်းနှင် လာသော ကုန်တင်ယာဉ်တစ်စီးဖြစ်တယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှ အရာရှိ တစ်ဦးကပြောပါတယ်။ အဆိုပါကုန်တင်ယာဉ်ဟာ ဂွ-ရန်ကုန် ကားလမ်း မိုင်တိုင်အမှတ် ၂၃ မိုင် ၇ ဖာလုံနှင့် ၂၄ မိုင်ကြားနေရာတွင် ဘရိတ်ပေါက်၍ တောင်နံရံကိုတိုက်မိ တိမ်းမှောက်ခဲ့တာ ဖြစ်တယ်လို့ ၎င်းကပြောပါတယ်။ 

အဆိုပါ ဖြစ်စဉ်မှာတော့ ယာဉ်မောင်း မျိုးမင်းဦး မောင်းနှင်လာတဲ့ ယာဉ်အမှတ် 7B---- ယာဉ်အမျိုးအစား (UD)NISSAN ၁၂ ဘီးယာဉ်ဟာဘရိတ်ပေါက်ပြီး လမ်းယာဘက်ရှိ တောင်နံရံကို တိုက်မိကာ တိမ်းမှောက် ခဲ့တာပဲ ဖြစ်ပါတယ်။၎င်းယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း မျိုးမင်းဦးရဲ့ ယာဘက်လက်မောင်းနှင့် ယာခြေသလုံးတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့တယ်လို့ သိရပါတယ်။၎င်းယာဉ်မောင်း မျိုးမင်းဦးကိုတော့ ဂွတိုက်နယ်ဆေးရုံကြီးသို့ ပိုဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူလျက်ရှိတယ်လို့ သိရပါတယ်။  

ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် သေဆုံးသူတစ်စုံတစ်ရာမရှိခဲ့တဲ့ အပြင် ယာဉ်ပေါ်တွင်လိုက်ပါလာသော ယာဉ်နောက်လိုက် မင်းမင်းစိုးနှင့် ဦးကျော်စိုးတို့မှာ ထိခိုက်ဒဏ်ရာများရရှိမှု မရှိခဲ့ဘူးလို့ သိရပါတယ်။ အဆိုပါ ယာဉ်ကိုစက်ယန္တရားဖြင့် ပြန်ထူလျက်ရှိပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုများလည်းမရှိစေ ရန်မြို့နယ်ယာဉ်ထိန်းရဲများမှ ဆောင်ရွှက်လျက်ရှိတယ်လို့ သိရပါတယ်။အဆိုပါယာဉ်မောင်းမျိုးမင်းဦးကိုလည်း တရားဥပဒေအရ ဆက်လက်အရေးယူဆောင်ရွှက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

သတင်းအရင်းအမြစ် - ကြေးမှုံ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။