နူးညံတဲ့ဆံပင်လေးတွေ၊ တောက်ပနေတဲ့မျက်လုံးအစုံနဲ့ သေးငယ်လှတဲ့ အဆိုပါကလေးငယ်လေးဟာ ဝက်ပေါက်လေးတစ်ကောင်နဲ့ သွားဆင်နေရပါတယ်၊ ဘယ်လိုကြောင့်များပါလိမ့်။ ပုံကိုသေချာကြည့်ကြည့်ပါ။

အင်တာနက်အသုံးပြုတွေကြားမှာ အဆိုပါကလေး ဗီဒီယိုဟာ တက်လာခဲ့ပြီးနောက် ကြောက်စရာကောင်းတယ်လို့ မှတ်ချက်ပြုခြင်းခံရပါတယ်။ တကယ်တော့ ဒါဟာ ကလေးအစစ်မဟုတ်ပါဘူး။ ကလေးအစစ်နဲ့တူအောင် အရေပြားကအစ အသေးစိတ်လုပ်ထားတဲ့ Reborn Babies လို့ခေါ်တဲ့ သက်ရှိကလေးအရုပ်လေးတွေပါ။

အဆိုပါ Reborn Babies လေးတွေကို ထုတ်လုပ်ရောင်းချနေတာကြာပြီ ဖြစ်ပေမယ့် အချို့အချို့သော သူတွေကသာ မှာယူတတ်ကြပါတယ်။ သူတို့တွေကတော့ ကလေးငယ်ကိုဆုံးရှုံးလိုက်ရတဲ့ ပူဆွေးဝမ်းနည်းနေတဲ့မိခင်တွေနဲ့ အလားတူလူမျိုးတွေပါပဲ။ သူတို့ရဲ့ ဆုံးရှုံးသွားတဲ့ ကလေးနေရာမှာ Reborn Babies လေးတွေကို အထူးပြုလုပ်ထုတ်လုပ်ပြီး အစားထိုးတတ်ကြပါတယ်။ ဒါကတော့ လူဦးရေအနည်းငယ်သာပါပဲ။

တစ်ချို့သော Reborn Babies အရုပ်တွေကို ရုပ်ရှင်အချို့မှာ အသုံးပြုတတ်ကြပါတယ်။ တကယ့်ကလေးငယ်နဲ့တူစေဖို့အတွက် Silicon အသုံးပြုပြီး အသားအရေကအစ အနုစိတ်၊ အသေးစိတ် မှာယူတဲ့လူစိတ်တိုင်းကျ ထုတ်လုပ်ပေးရပါတယ်။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။