နာမည်ကျော်များဖြစ်ကြတဲ့ ဝတ်မှုန်ရွှေရည်၊ အော်န်ဆိုင်းနဲ့ Mဆိုင်းလုတို့သုံးယောက်သား Dress Gallery ပွဲမှာ သတို့သမီးဝတ်စုံလေးတွေနဲ့ အလှကြီးလှနေကြပါတယ်။ သုံးယောက်လုံးက အလှကိုယ်စီ ပိုင်ဆိုင်ထားကြပြီ အနုပညာလမ်းကြောင်းပေါ်မှာတင် သက်ဆိုင်ရာနယ်ပယ်အသီးသီး မှာ အောင်မြင်ေ်နကြတဲ့ သူတွေဖြစ်ပါတယ်။ ပရိတ်သတ် အားပေးမှုကို အပြည့်အဝရရှိထားသူတွေ လည်း ဖြစ်ကြပါတယ်။ လှပလွန်းတဲ့ သူမတို့ရဲ့ ပုံရိပ်တွေက မြင်သူတိုင်းမှင်သက်သွားလောက်ချင်စရာ ပါပဲ။

ဝတ်မှုန်ရွှေရည်၊ အော်န်ဆိုင်း၊ Mဆိုင်းလု တို့ရဲ့သုံးယောက်သားပုံရိပ်လေးတွေက တကယ် ကို ဟန်ဆောင်မှုကင်းကင်းနဲ့ အရိုးစင်းဆုံးလှပလွန်းနေကြပါတယ်။ Dress Gallery မင်္ဂလာဆောင် ပွဲတက်ဝတ်စုံဆိုင်အတွက် ကြော်ငြာရိုက်ကူးပေးနေတာဖြစ်ပြီး ရိုက်ကွင်းပေါ် က သူမတို့ရဲ့ အလှပုံရိပ်လေးတွေက တကယ့်ကိုနတ်သတ်ကြွေလာတဲ့ နတ်သမီးလေးတွေ အလား အစွမ်းကုန် လှပလွန်းနေပါတယ်။ ချစ်စရာကောင်းတဲ့ တိုင်းရင်သူလေးနှစ်ယောက် ရဲ့ နာမည်ကျော်မင်းသမီးလေးတို့ သုံးယောက်ပုံရိပ်တွေက ရင်သပ်ရှုမောဖွယ်ပါပဲ ပရိတ်သတ်ကြီးရေ။

သူမတို့သုံးယောက်ရဲ့ လှပလွန်းတဲ့ချစ်စဖွယ်ပုံရိပ်တွေကို ကစ်ကစ်တစ်ယောက် သူမရဲ့ Facebook မှာ " မင်္ဂလာဆောင်အကြိုလေ့ကျင့်နေကြသည်ပေါ့ စတာာာာာာာ Dress Gallery ( မင်္ဂလာဆောင်ဝတ်စုံ /ပွဲတက်) ဆိုင်ကြော်ငြာပုံလေးတွေပါ More photos are coming ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ အလှပဆုံးအဖြူရောင်သတို့သမီးလေးနဲ့အတူ တိုင်းရင်းသူနတ်သမီးလေး နှစ်ယောက်ရဲ့ လုံးဝကြွေဆင်းသွားစေမယ့် အလှပုံရိပ်တွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Photo - Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။