နိုင်ငံကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ သင်ဇာနွယ်ဝင်းကတော့ မိန်းကလေးတိုင်းအားကျရတဲ့ အိမ်ထောင်ရေးကံကောင်းသူထဲမှာ ပါ၀င်နေပါတယ်။

အရမ်းချစ်တဲ့ အိမ်ထောင်ဖက်နဲ့အတူ သားလေးတစ်ယောက်ကိုပါ ပိုင်ဆိုင်ထားရတဲ့ သင်ဇာဟာ လက်တလောမှာတော့ ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘဝလေးနဲ့အတူ လိုလေးသေးမရှိ ပြည့်စုံနေတာဖြစ်ပါတယ်။

သင်ဇာတို့ ဇနီးမောင်နှံဟာ အဘက်ဘက်မှာပြည့်စုံသလို စိတ်ထားလေးလည်း မွန်မြတ်လှတယ်ဆိုတာ မနေ့က သူမရဲ့ သားလေး ရက်တစ်ရာပြည့်အတွက် အလှုကို ကြည့်တာနဲ့ ပရိသတ်တိုင်းချီးကျုးအံ့အားသင့်ခဲ့ရပါတယ်။

မနေ့က ဖေဖော်ဝါရီလ(၁၇)ရက်နေ့က မီးလောင်ဒဏ်ခံခဲ့ရတဲ့ ကလေးငယ်တွေရှိရာ ဆေးရုံအထိ ငွေကြေးနဲ့လိုအပ်တာလေးတွေ သွားရောက်လှုဒါန်းခဲ့တဲ့မြင်ကွင်းလေးဟာလည်း ပရိသတ်တွေကြားမှာ မျက်ရည်ဝဲရတဲ့အထိခံစားရသလို ချီးကျုးဖွယ်စိတ်ထားကိုလည်း အတိုင်းသားတွေ့မြင်ရပါတယ်။

မီးလောင်ခံထားရတဲ့ကလေးတွေကို မြင်ပြီး စိတ်မကောင်းဖြစ်နေတဲ့ သင်ဇာကတော့ သူမသွားရောက်လှုဒါန်းခဲ့တဲ့အတွေ့အကြုံလေးနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ဒီနေ့မှာ ရင်နင့်ဖွယ်စကားဖွင့်ဟခဲ့ပါတယ်။

“မနေ့က သားလေးအတွက်အလှူသွားလုပ်တော့ အရမ်းသနားဖို့ကောင်းတဲ့ မိန်းကလေးနှစ်ယောက်နဲ့တွေ့ခဲ့ပါတယ်။ ပထမပုံ ကလေးလေးကတော့ တကိုယ်လုံးမီးလောင်ထားတာပါ။ ဒုတိယပုံကလေးကတော့ အနောက်တစ်ခြမ်းလုံးမီးလောင်ခံထားရတာပါ သူ့အမေပြောပြတာတော့ ခွဲစိတ်ခန်းထဲဝင်တာ ဆယ်ကြိမ်ရှိပြီလို့ သိရပါတယ်။အရမ်းသနားဖို့ကောင်းတဲ့ ကလေးလေးနှစ်ယောက် သူ့တို့ရဲ့မီးလောင် ဒဏ်ရာကြောင့် နာကျင်လွန်းလို့ အဝတ်တောင်မဝတ်နိုင်ကြဘူး။ သူတို့ရဲ့မိဘတွေလည်း သူတို့ကိုပြုစုဖို့

အနားမှာနေနေရတော့ အလုပ်အကိုင်မလုပ်နိုင်ပဲ သူတို့စုထားတာလေးနဲ့ နောက်ထပ်ဘယ်နှစ်ရက် အဆင်ပြေနိုင်ပါ့မလဲနော်။ ဖယောင်းတိုင်မီးလေး ကိုင်မိရင်တောင် အရမ်းပူတာ သူတို့လေးတွေ ဘယ်လောက်တောင်ခံစားရလိမ့်မလဲ။ အရမ်းလည်းသနားမိပါတယ်။ သူတို့မိဘတွေကိုခွင့်တောင်းပြီး အလှူရှင်ရှာဖို့အတွက် ဓါတ်ပုံတင်ပေးလိုက်ပါတယ်။ ကလေးဆေးရုံ မှာသွားရောက်လှူဒါန်းနိုင်ပါတယ်။ အသေးစိတ်ကိုတော့ သဥ္ဇာတို့လှူတဲ့အချိန်ကူညီပေးခဲ့တဲ့ ကိုPhoe Zaw ကိုဆက်သွယ်နိုင်ပါတယ်ရှင်။ ကိုဖိုးဇော်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင့်။” လို့ မျှဝေထားပါတယ်။

သင်ဇာဟာ အိမ်ထောင်ကျပြီး အနုပညာအလုပ်တွေမလုပ်ဖြစ်တော့ပေမယ့်လည်း လူမှုကွန်ရက်ကနေတစ်ဆင့် ပရိသတ်တွေနဲ့အမြဲမပြတ်လှုပ်ရှားမှုပုံရိပ်လေးတွေကို မျှဝေလေ့ရှိပါတယ်။

အခုလို အလှုရှင်တွေများများရအောင် တစ်ဆင့်ပြန်လည်မျှဝေပေးတဲ့ သင်ဇာ ရဲ့ စိတ်ထားလေးကလည်း တကယ့်ကို လေးစားဖို့ကောင်းပါတယ်။

ပရိသတ်ကြီးလည်း အလှုရှင်တွေများများရအောင် သင်ဇာရဲ့ ပို့စ်လေးကို ရှဲပေးလိုက်ပါဥိးနော်။

Source : Thinzarnwewin fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။