ပရိတ်သတ်ကြီးတို့ရေ တကယ်ကိုကြည်နူးပီတိဖြာစရာ သတင်းလေးတစ်ခုကို မျှဝေပေးလိုက်ပါတယ်နော်။ အနုပညာလောကထဲမှာရော အငြိမ့်သဘင်လောကထဲမှာပါ အောင်မြင်တဲ့ ဟာသသရုပ်ဆောင် လူရွှင်တော်ဒိန်းဒေါင်အကြောင်းဘဲဖြစ်ပါတယ်။ လူရွှင်တော်ဆိုတဲ့အလျှောက် ကြည့်ရှုသူတွေကို ပျော်ရွှင်အောင်လုပ်ပေးနိုင်ရုံမက အနုပညာလောကအပြင်ဘက်မှာလည်း လူတွေကိုကျေနပ်ပျော်ရွှင်မှုတွေ ဖန်တီးပေးခဲ့ပါတယ်။

ဒိန်းဒေါင်ဟာ တကယ်ကိုအလှူရေစက်လက်နဲ့မကွာဘဲ ဘာသာသာသနာသယ်ပိုးနေတဲ့ ဗုဒ္ဓဘာသာဝင်တစ်ယောက်လို့ ဆိုနိုင်ပါတယ်။ ဒီနေ့မှာတော့ ဒိန်းဒေါင်တစ်ယောက် အလွန်လေးစားပီတိဖြာစရာကောင်းတဲ့ လှူဒါန်းမှုတစ်ခုကို ပြုလုပ်ပေးခဲ့ပါတယ်။ ဝက်လက်မြို့နယ်၊ လှတောစံပြကျေးရွာမှာနေထိုင်တဲ့ ဒေါ်ခိုင်(ခ)ရှယ်ခိုင်ဆိုတဲ့ မုဆိုးမအမျိုးသမီးတစ်ယောက်ရဲ့သားလေးရှင်ပြုအလှူမင်္ဂလာနဲ့ သမီးလေးနားသမင်္ဂလာအခမ်းအနားပြုလုပ်ရန် အလှူငွေ ၅ သိန်းကျပ်ပါဝင်လှူဒါန်းခဲ့ပါတယ်။ အလှူ့ဒါယိကာမဖြစ်တဲ့ ဒေါ်ခိုင်ဟာ ရေခဲချောင်းရောင်း၊ရေသန့်ဗူးကောက်တဲ့အလုပ်အကိုင်လုပ်ကိုင်ပြီး

ဘဝကိုမပြည့်စုံစွာ ဖြတ်သန်းနေရတဲ့ မုဆိုးမတစ်ဦးဘဲဖြစ်ပါတယ်။

မိဘတို့ရဲ့သားသမီးအပေါ် လုပ်ပေးချင်တဲ့ ဆန္ဒကိုပါဝင်ကူညီဖြည့်စည်းပေးခဲ့တဲ့ ဒိန်းဒေါင်ရဲ့အလှူဟာ သာဓုခေါ်ထိုက်စရာကောင်းလှပါတယ်။ တကယ်ကိုခြိမ့်ခြိမ့်သဲ စည်ကားတဲ့အလှူပုံရိပ်လေးတွေကို ပရိတ်သတ်တို့ကြည်နူးနိုင်စေရန် မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။

photo - Dain Daung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။