ဖေဖော်ဝါရီ (၁၇)ရက်နေ့ နေ့လယ်(၂)နာရီအချိန်ခန့့်အချိန်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်ဗန်းမောက်မြို့နယ်နောင်မှီကျေးရွာအနီးမဲဇာချောင်းရိုးအတွင်းတရားမဝင်ရွှေလုပ်ကွက်မှရွှေတူဖော်ရာတွင်အသုံးပြုသောစက်ပစ္စည်းများဖမ်းမိခဲ့တယ်လို့ သိရပါတယ်။အဆိုပါဖြစ်စဉ်မှာ ဗန်းမောက်မြို့ နယ်၊အမှတ် ၂ သတ္ထုတွင်းလုပ်ငန်း၊မြို့နယ်သတ္ထုဦးစီးဌာနမှလ/ထ ၁ ဦးကျော်မင်းသန်းဦး ဆောင်တဲ့အဖွဲ့ဟာ သက်ဆိုင်ရာဌာန ဆိုင်ရာ များဖြင့် ပူးပေါင်းပြီးသက်သေများနှင့် အတူဗန်းမော က်မြို့နယ်၊အင်းပေါက်ကျေးရွာ အုပ်စုအတွင်းနယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ်အခုလို ရွှေတူဖော်ရာတွင် အသုံးပြုသောသက်သေခံစက်ပစ္စည်းများဖမ်းမိခဲ့တာပဲ ဖြစ်ပါတယ်။ 

သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများမှ စစ်ဆေးခဲ့ရာမှာတော့ နောင်မိုးကျေးရွာ အနီး၊မဲဇာချောင်းရိုးအတွင်းတရားမဝင်ရွှေတူးဖော်ရာတွင်အသုံးပြုသော ဝီလီ၂၈ ကောင်အင်ဂျင်ရေခရုဖြင့်တွဲလျှက် ၁ လုံး၊ဝီလ၂၅ ကောင်အင်ဂျင်မုံအိုးနှင့်တွဲလျှက် ၁ လုံးတို့ကို ဖမ်းဆီးရမိခဲ့တာပဲ ဖြစ်ပါတယ်။ဆက်လက်ပြီး လုံး၊၂၀ပေရှိ ၄လက်မပိုက်ပျော့ ၁ ခု၊၄၀ ပေရှိ၄လက်မပိုက်ပျော့ ၁ ခု၃ တန်ရှိချိန်းဘရောက် ၁ ခုနှင့်၁၅ ပေရှိ ၄လက် မလည်ချောင်းပိုက်တစ်ခုနှင့်တရားမဝင်ရွှေတူးဖော်ရာတွင်အသုံးပြုသောဆက်စပ်ပစ္စည်းများထပ်မံတွေ့ရှိဖမ်းဆီးရမိခဲ့တာဖြစ်တယ် လို့ ဦးကျော်မင်းသန်းကပြောပါတယ်။သက်သံခံပစ ္စည်းများဖမ်းဆီးရမိခဲ့ပေမယ့် တရားမဝင်ရွှေတွင်း လုပ်ကိုင်သူတရားခံများကိုတော့ ဖမ်းဆီးရမိခြင်းမရှိသေးလို့ သိရပါတယ်။ 

လက်ရှိမှာတော့ ဖမ်းဆီးရမိခဲ့တဲ့ ရွှေတူးဖော်ရာတွင်အသုံးပြုသောစက်ပစ္စည်းများနှင့်ဆက်စပ်ပစ္စည်းများကိုတော့ ၊ဗန်းမောက်မြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။တရားခံများကိုလည်း သက်ဆိုင်ရာဌာန ဆိုင်ရာများဖြင့် ပူးပေါင်းကာ အမြန်ဆုံးဖော်ထုတ်အရေးယူသွားမှာ ဖြစ်တယ်လို့ သတ္ထုဦးစီးဌာနမှ လ/ထ ၁ ဦးကျော်မင်းသန်းကပြောပါတယ်။

သတင်းအရင်းအမြစ် - လူအောင်(မြန်မာ့အလင်း)  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။