မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ အီတလီစီးရီးအေပွဲစဉ်မှာ နာပိုလီ အသင်းဟာ SPAL အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။အစောဆုံးပွဲဖြစ်တဲ့ ဂျူဗင်တပ်အသင်းဟာ တိုရီနိုအသင်းကို အနိုင်ရရှိထားခဲ့တာကြောင့် နာပိုလီအသင်းဟာ ယခုပွဲကို အနိုင်ယူဖို့လိုအပ်ခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့် SPAL အသင်းကို ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ အနိုင်ရယူခဲ့တာလည်းဖြစ်ပါတယ်။နာပိုလီအသင်းဟာ ရမှတ် ၆၆ မှတ်နဲ့ ဇယားထိပ်ဆုံးမှာ ဦးဆောင်နေတာလည်းဖြစ်ပါတယ်။

နာပိုလီအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ အစ်ဇဂနီ၊ မာတင်၊ ကယ်လီဂျွန်၊ ဟမ်ဆစ်၊ အလန်၊ ဂျော်ဂျင်ဟို တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။SPAL အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ အန်တီနက်ဆီ၊ ကွာတစ်၊ ဒရာမီ၊ ဂရာဆစ်၊ ဗီဗီရာနီ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။နာပိုလီအသင်းဟာ ပွဲစကတည်းက ၁ ဂိုး စတင်ရရှိခဲ့ပေမယ့် ကျန်ပွဲချိန်တွေမှာ ဂိုးထပ်ရဖို့ ရုန်းကန်ခဲ့ရတာကြောင့် ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

နာပိုလီအသင်းရဲ့ တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ ပွဲစလို့ ၆ မိနစ်မှာပဲ အလန်က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။နာပိုလီအသင်းဟာ ယခုနိုင်ပွဲကြောင့် အဆင့် ၂ နေရာက ဂျူဗင်တပ်အသင်းကို ၁ မှတ် ဖြတ်ထားနိုင်သေးတာလည်းဖြစ်ပါတယ်။စီးရီးအေ ဖလား တစ်ခုကိုသာ အားထားနေတဲ့ နာပိုလီအသင်းဟာ ပွဲစဉ်တိုင်းကို အနိုင်ကစားဖို့လိုအပ်နေတာလည်းဖြစ်ပါတယ်။နာပိုလီအသင်းဟာ ယူရိုပါလိဂ်မှာ လိုက်ဇစ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ထားတာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။