ဖေဖော်ဝါရီ ၁၆ ရက်နေ့က အိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်း Rajasthan ပြည်နယ် Ajmer ဒေသမှာ မင်္ဂလာပွဲတစ်ခုကျင်းပပြုလုပ်ခဲ့ပါတယ်။ထိုမင်္ဂလာပွဲဟာ ဂတ်စ်အိုးပေါက်ကွဲမှု ဖြစ်ရပ်ကြောင့် အကျဉ်းတန်ခဲ့ရပါတယ်။ဂတ်စ်အိုးပေါက်ကွဲမှုကြောင့် လူပေါင်း ၁၈ ဦး သေဆုံးခဲ့တယ်လို့ ပြည်တွင်းသတင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဖြစ်စဉ်မှာဖေဖော်ဝါရီ ၁၆ ရက်နေ့ ညပိုင်းအချိန် Ajmer ဒေသ ရှိ အဆောက်အဦးတစ်ခုတွင် ကျင်းပပြုလုပ်ခဲ့တဲ့ မင်္ဂလာပွဲတစ်ခုမှာ စားဖိုမှူး က ဂတ်စ်အိုးကို ဂတ်စ်ဖြည့်ရာတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ပေါက်ကွဲမှုကြောင့် ၃ ထပ် အဆောက်အဦ ပြိုလဲခဲ့ရပြီး လူအများ ပိတ်မိနေခဲ့ကြတာလည်းဖြစ်ပါတယ်။

အခင်းဖြစ်ပွားရာ နေရာကို ရဲတပ်ဖွဲ့ နှင့် မီးသက်တပ်ဖွဲ့ဝင်များ လျင်မြန်စွာရောက်ရှိလာခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းများနဲ့ ရှာဖွေမှုတွေပြုလုပ်ခဲ့ကြပါတယ်။ဖေဖော်ဝါရီ ၁၈ ရက်နေ့ နံနက်ပိုင်းအချိန်ထိ အခင်းဖြစ်ပွား ရာနေရာတွင် ရုပ်အလောင်း ၁၈ လောင်း တွေ့ရှိထားခဲ့တာလည်းဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမှာဂတ်စ်အိုး လုံခြုံရေး နှင့် ပတ်သက်ပြီး သတ်မှတ်ချက်များ နည်းပါးသောကြောင့် မကြာခဏ ပေါက်ကွဲမှုများ ဖြစ်ပွားလေ့ရှိတာလည်းဖြစ်ပါတယ်။ 

source - xinhua

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။