Meizu 15 Plus စမတ်ဖုန်းနဲ့ ပတ်သက်တဲ့ ကောလာဟလ သတင်းတွေဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက ပုံမှန်ထွက်ပေါ်ခဲ့ကာ ပြီးခဲ့တဲ့ နှစ်ပတ်ခန့်ကလည်း ဖုန်းဓာတ်ပုံတချို့ ပေါ်ထွက်ခဲ့ပါသေးတယ်။ အခုအခါမှာတော့ Meizu 15 Plus မှာပါဝင်တဲ့ မျက်နှာပြင်ကွေးနှစ်ခုကို ကာကွယ်ပေးနိုင်တဲ့ glass screen protector တွေနဲ့အတူ ဖုန်းဒီဇိုင်းကို ဖော်ပြထားတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာပါတယ်။

အဲဒီဓာတ်ပုံနဲ့ ဖုန်းသစ်ရဲ့ အသေးစိတ်အချက်အလက်တွေတော့ မပါဝင်လာပါဘူး။ ဓာတ်ပုံတွေအရ Meizu 15 Plus ရဲ့ ဘေးဘောင်တွေမှာ အရိုးရှင်းဆုံး ဒီဇိုင်းအသုံးပြုထားပါတယ်။Meizu အနေနဲ့ fingerprint recognition စနစ်ကို ထုတ်ကုန်ရှေ့ဘက်မှာ ထည့်သွင်းဖို့ နေရာမရှိပေမယ့် ဘယ်နေရာမှာ ထည့်သွင်းမယ်ဆိုတာ မသိရသေးပါဘူး။  

တ်ပုံတွေကလည်း ဖုန်းရဲ့ ကျောဘက်ကို ဖော်ပြထားခြင်း မရှိပါဘူး။ Vivo အနေနဲ့ display အောက်ခြေမှာ fingerprint sensor အသုံးပြုနိုင်ရင် Meizu လည်း အသုံးပြုနိုင်ခြေ ရှိပါတယ်။ Meizu 15 Plus မှာ 10-LED flash လည်းပါဝင်လာနိုင်ဖွယ်ရှိပါတယ်။

Source : Internet Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။