ယခုလတ်တလော နာမည်ကြီး ထိပ်တန်းမင်းသမီးဟောင်း အကယ်ဒမီ နန္ဒာလှိုင်ရေးသားခဲ့တဲ့ စာသားတစ်ချို့ဟာ လူမှုစာမျက်နှာထက်မှာ ပျံ့နှံ့လို့နေပါတယ်။ စာပါအကြောင်းအရာနဲ့ ပတ်သတ်လို့ အငြင်းပွားမှုတွေတောင် ဖြစ်လို့နေတာကိုလည်း ထိုစာသားရဲ့ အောက်က comment တွေမှာ မြင်တွေ့ရပါတယ်။ အကြောင်းအရာကတော့ နန္ဒာလှိုင်ဟာ ဖိတ်စာပေးမယ်ဆို ဇနီးမောင်နှံနှစ်ဦးလုံးရဲ့ အမည်ကိုရေးပြီး ဖိတ်ဖို့ပြောထားတာဖြစ်ပါတယ်။ 

"သူမရဲ့ လူမှုစာမျက်နှာထက်မှာတော့ "တခုတော့ပြောမယ်နော် စိတ်မဆိုးနဲ့ ဦးဇေသီဟ ရဲ့ဇနီးကဒေါ်နန္ဒာလှိုင်ဖြစ်ပါတယ် အဲဒီတော့ဖိတ်စာပေးမယ်ဆို နှစ်ယောက်လုံးနာမည်ရေးပါ ဒါမှမဟုတ် ဇနီးလို့ရေးရင်လည်းဖြစ်ပါတယ် အဲဒါဆိုပွဲတက်ဖြစ်မှာပါ ဦးဇေသီဟ လို့ဘဲရေးမယ်ဆိုကျမပွဲမတက်ပါ ကျမမသွားရင်ယောကျာ်းလည်းမသွားဖို့များပါတယ်" ဆိုပြီး ရေးသားထားပါတယ်။

ဆက်ပြီး "ဒေါ်နန္ဒာလှိုင်နှင့်ခင်ပွန်းဆိုလည်းကျမပွဲမတက်ပါ နာမည်မသိရင်လည်း အကိုနဲ့မနန္ဒာလို့ရေးလဲရပါတယ်ေ ကျးဇူးတင်ပါတယ် နားလည်ပေးလိမ့်မယ်လို့လဲထင်ပါတယ်" ဆိုပြီး ထည့်သွင်း ရေးသားထားပါတယ်။ ထိုစာသားအောက်မှာတော့ သူမရဲ့ သူငယ်ချင်းဖြစ်တဲ့ မင်းသားခန့်စည်သူက ဝင်နောက်ထားပြီး ချစ်စရာကောင်းတဲ့ သူတို့နှစ်ဦးရဲ့ သူငယ်ချင်း သံယောဇဉ်ကိုလည်း မြင်တွေ့ရပါတယ် ပရိသတ်ကြီးရေ....

Photo : Nandar Hlaing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။