သရုပ်ဆောင် ရွှေမှုံရတီကတော့ အနုုပညာပျိုးခင်းရဲ့ အသက်ငယ်ဆုံးစင်တင်မင်းသမီးအဖြစ် အောင်မြင်လာသူလေးဖြစ်ပါတယ်။

အသက်ငယ်ပေမယ့်လည်း အနုပညာအရည်အသွေးအပြည့်ပါသူမို့ လက်ရှိ ရုပ်ရှင်လောကမှာတော့ ၀ါရင့်သရုပ်ဆောင်တွေနည်းတူ ထိပ်တန်းမင်းသမီးစာရင်းဝင်နေတဲ့ မင်းသမီးတစ်လက်ဖြစ်နေပါတယ်။

သွက်လက်ပွင့်လင်းစွာနေတတ်ပြီး အမြဲလန်းနေတတ်တဲ့ သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို လူမှုကွန်ရက်မှာ စိတ်ဝင်တစားစောင့်ကြည့်အားပေးနေတဲ့ ပရိသတ်တွေကလည်း ဒုနဲ့ ဒေးပါပဲ။   

အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်အားလုံးကို တရားဝင်ချပြထားတဲ့ ရွှေမှုံလေးက လက်တလောမှာတော့ သူမရဲ့ အင်စတာဂရမ်အကောင့်မှာ ချစ်သူကို အားကိုးတကြီးပြောထားတဲ့ ပုံလေးတစ်ပုံတင်ထားပါတယ်။

စိတ်ပင်ပန်းတယ်မောင်ရယ် ဆိုတဲ့ စာသားလေးရေးထားကာ သူမရဲ့ ချစ်သူနဘေးမှာ မှီနေတဲ့ပုံလေးတစ်ပုံကို ကြည်ကြည်နူးနူးလေးတင်ထားတာဖြစ်ပါတယ်။

မောင် လို့ မကြာခဏသုံးနှုန်းခေါ်ဆိုလေ့ရှိတဲ့ သူမရဲ့ ချစ်သူကိုတော့ ပရိသတ်တွေ သိနေလောက်ပြီဖြစ်ပါတယ်။

ရေကူးရတာဝါသနာပါလွန်းတဲ့ ရွှေမှုံလေးကတော့ အနုပညာအလုပ်မှာ ထွန်းပေါက်ရုံသာမက နောက်ဆုံးပေါ်လူသုံးကုန်တွေကိုလည်း သုံးစွဲနိုင်တာကြောင့် ပရိသတ်တိုင်းမျက်စိကျနေရသူလေးဖြစ်ပါတယ်။

အချစ်ရေးမှာလည်း ကံကောင်းလွန်းတာမို့ သူမကို အားကျနေရတဲ့ ပရိသတ်တွေကတော့ရှိနေပါတယ်။

Source- Shwemhone instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။