တစ်ခေတ်တစ်ခါက ထူးခြားတဲ့အသံလေးနဲ့ အလှပေါ်အယဉ်ဆင့်တဲ့ မင်းသမီးလေးအဖြစ် ပရိတ်သတ်တွေအသည်းစွဲဖြစ်ခဲ့တဲ့ မင်းသမီးလေး ပပဝင်းခင်ကတော့ အနုပညာလှုပ်ရှားမှုတွေ သိပ်မတွေ့ရတော့ပေမယ့် သူမရဲ့ ပရိတ်သတ်နဲ့တော့ အဆက်အသွယ်ပြတ်မသွားခဲ့ပါဘူး ။ သူမရဲ့ လူမှုကွန်ယက်ကနေ သူမရဲ့ ပရိတ်သတ်တွေနဲ့ အမြဲ အဆက်အသွယ်ရှိနေပါတယ် ။

သူမရဲ့ လှုပ်ရှားမှုပုံရိပ်တွေ နဲ့ သူမတွေ့ဆုံကြုံကြိုက်ခဲ့တာလေးတွေကို ပရိတ်သတ်အတွက် မျှဝေပေးတတ်သူပါ ။ အခုလည်း သူမ မျှဝေပေးထားတဲ့ သူမရဲ့ အလှပေါ်အယဉ်ဆင်ေ့နတဲ့ ပုံလေးတွေကို ပရိတ်သတ်တွေက သဘောကျနေကြပါတယ် ။ " ရိုးရိုးလေးသာ ဝတ်ခဲ့ပါလေ " လို့ဆိုပြီး မြေနီလမ်းလေးပေါ်မှာ ပုသိမ်ထီးလေးဆောင်းထားတဲ့ သူမက မြန်မာဝတ်စုံနဲ့ အလွန်လိုက်ဖက်ပြီး လှပနေတာပါ

အရိုးဆုံးက အလှဆုံးပဲဆိုတာကို မင်းသမီးလေး ပပဝင်းခင်က သက်သေပြနေသလိုပါပဲ ။ 

သူမ ၀တ်ဆင်တဲ့ ယဉ်ယဉ်လေးနဲ့ လှတဲ့ ဖက်ရှင်စတိုင်လေးတွေကို ပရိတ်သတ်တွေက ချစ်ခင်နှစ်သက်နေပါတယ် ။ ပပဝင်းခင်ကတော့ ရ တန်းအရွယ်ထဲက သရုပ်ဆောင်အလုပ်ကို စတင်လုပ်ဆောင်ခဲ့သူဖြစ်ပြီး ယခုအချိန်မှာ အနုပညာအလုပ်တွေကို ရပ်နားထားပေးမယ့် "ရိုးရိုးလေးနဲ့ ပရိတ်သတ် အကြိုက်ဖြစ်စေမယ့် ဇာတ်ရုပ်လေးတွေနဲ့ ဇာတ်ကားတွေပြန်ပြီး သရုပ်ဆောင်ဖြစ်မှာပါ" လို့ အင်တာဗျူးတစ်ရပ်မှာဖြေဆိုထားတာမို့ သူမကိုချစ်ခင်အားပေးတဲ့ ပရိတ်သတ်တွေအတွက် တီဗီဖန်သားပြင်ရှေ ့တစ်ဖန် မြင်တွေ့ရဦးမယ်လို့ မျှော်လင့်ပါတယ် ... အားပေးကြလား ပရိတ်သတ်တို့ရေ ...  

သတင်းအရင်းမြစ် Pa Pa Win Khin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။