မိန်းကလေး အမျိုးအစားတွေ အမျိုးမျိုး ရှိတဲ့အနက် ယောင်္ကျားလေး အများစုကတော့ ဖက်ရှင်ကျပြီး အမြဲ လှပနေတတ်တဲ့ မိန်းကလေးတွေကို ကြိုက်နှစ်သက်ကြပါတယ်။ ဒါ့ကြောင့် အခုဖော်ပြမယ့် အကြောင်းအရာလေးကတော့ ဒီလို ဖက်ရှင်ကျပြီး အမြဲ လှပနေတဲ့ မိန်းကလေးတွေကိုမှ ကြိုက်နှစ်သက်တဲ့ ယောကျ်ားလေးတွေအတွက် မဖြစ်မနေ သိထားသင့်တဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်။ 

ဒီလို မိန်းကလေးတွေက အမြဲတမ်းလှပနေမှာဖြစ်ပြီး ကိုယ့်ကို ကိုယ် ထိန်းချုပ်နိုင်စွမ်း နည်းတယ်လို့ ပြောလို့ ရပါတယ်။ သူမက စျေးဝယ်ထွက်ရတာကို အရမ်း ကြိုက်နှစ်သက်သူပါ။ အသစ် အသစ်တွေကိုလည်း လိုချင်နှစ်သက်သူ ဖြစ်ပြီး ဖက်ရှင်ကို ဦးစားပေး အလေးထားသူ ဖြစ်ပါတယ်။ ပြောရမယ် ဆိုရင်တော့ အလှအပကို ဦးစားပေးတာကြောင့် သူမကို ကြည့်ရင်တော့ အမြဲ လှနေသူ တစ်ယောက် ဖြစ်ပါလိမ့်မယ်။ ဒေါက်ဖိနပ် အမြင့်ကို အမြဲ စီးလေ့ရှိပြီး နှုတ်ခမ်းနီ မပျက်သူလေး ဆိုရင်လည်း မမှားနိုင်ပါဘူး။  

အားသာချက် အနေနဲ့က သူမကို မိန်းကလေး အချင်းချင်းတောင် အားကျလေ့ ရှိပါတယ်။ သင့်ပတ်ဝန်းကျင်နဲ့ သူငယ်ချင်းတွေကလည်း သူမကို သဘောကျ ကြပါလိမ့်မယ်။ အမြဲ လှနေတာကြောင့် သူမနဲ့ တွဲသွားရမှာလည်း သင့်အတွက်တော့ အများကြည့်စရာ ကောင်မလေးတစ်ယောက်ကို ပိုင်ဆိုင်ထားသူ တစ်ယောက် ဖြစ်နေပါလိမ့်မယ်။ သင်ကသာ အလှကြိုက်တယ် ဆိုရင်တော့ သူမကို လက်လွတ် မခံသင့်ပါဘူး။

အားနည်းချက်အနေနဲ့ကတော့ သူမနဲ့ သင် ချစ်သူဖြစ်တဲ့အခါ အမြဲကြားရမဲ့ အကြောင်းကတော့ သူမရဲ့ အလှအပ အကြောင်းတွေပါပဲ။ သူမ ဒေါက်ဖိနပ်စီးရတဲ့အခါ ဘယ်လို အခက်အခဲတွေ့တယ်ဆိုတာက အစပေါ့။ ချစ်သူတွေ ချိန်းတွေ့တဲ့ အခါ အများဆုံးကလည်း စျေးဝယ်စင်တာတွေပဲ ဖြစ်နေပါလိမ့်မယ်။ မှာချင်တာ တစ်ခုကတော့ သူမနဲ့ ချစ်သူ ဖြစ်ပြီးနောက် သင် ငွေများများသာ ရှာထားလိုက်ပါတော့။

ဖော်ပြပါ အကြောင်းအရာများကို သိရှိပြီးနောက် ကိုယ့်ရဲ့ ချစ်သူတွေကို တန်ဖိုးထား နားလည်ရင် ပျော်ရွှင်စွာ ရှေ့ဆက် လက်တွဲနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။သတင်းအရင်းအမြစ် - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။