နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ ရတနာမိုင်တစ်ယောက် သူမရဲကလှပလွန်းတဲ့ ပုံရိပ် တွေကို Facebook မှာ ပြန်လည်မျှဝေထားပါတယ်။ မြန်မာဆန်တဲ့သူမရဲ့ပုံရိပ်တွေက မြင်သူ တိုင်းကြွေဆင်းချင်စရာကောင်းလွန်းပါတယ်။ အသံချိုချိုလေးတွေနဲ့ ပရိတ်သတ်တွေကို ဆွဲဆောင်ခဲ့တဲ့ သူမဟာ ရခိုင်တိုင်းရင်းသူလေးတစ်ဦးဖြစ်ပြီး အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းနေတာ အချိန်အတော်ကြာခဲ့ပြီပဲ ဖြစ်ပါတယ်။ သီချင်းခွေ တွေလည်းထွက်ရှိခဲ့ပြီး ပရိတ်သတ်အားပေးမှုကို အပြည့်အဝရရှိခဲ့သူလည်းဖြစ်ပါတယ်။

မိခင်ဖြစ်သူကလည်း အဆိုတော်တစ်ဦးဖြစ်ပြီး အမေ့ခြေရာကိုအပြည့်အဝနင်းတဲ့ ထူးချွန် ထက်မြက်တဲ့ သမီးလေးတစ်ဦးလည်းဖြစ်ပါတယ်။ လက်ရှိထိတော့ သူမရဲ့အချစ်ရေးက တော့ တည်ငြိမ်လျက်ရှိပြီး တစ်ကိုယ်တည်းအပျိုကြီးအဖြစ်နဲ့ မိခင်နဲ့အတူ ဘဝကို အေးအေး လူလူ ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သမီးလိမ္မာလေးလည်းဖြစ်ပြီး ပရိတ်သတ်တွေရဲ့အချစ်တော်လည်းဖြစ်တဲ့ အဆိုတော် ရတနာမိုင်ရဲ့ မြန်မာဆန်တဲ့ပုံရိပ် လေးတွေက တကယ်ကိုကြွေချင်စရာပါပဲ။

သူမရဲ့ပုံရိပ်လေးတွေကို " လူ့ဘဝမှာ ပျော်ရွှင်စရာ အမှတ်တရ memory တွေအများကြီးပါ တခါတလေမှာ အဲဒီ Memory ပုံရိပ်လေးတွေကို အမှတ်တရဓါတ်ပုံရိုက်သိမ်းဆည်းထား မိတယ်လေ တိုတောင်းပြီးရခဲလှတဲ့လူ့ဘဝ မှာ စိတ်ကောင်းလေးထားပြီးလူတိုင်းကို မေတ္ တာစေတနာ ထားနိုင်ဖို့ အမြဲနှလုံးသွင်းထားတယ် အားလုံးကိုချစ်တယ် Love u all " ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ရခိုင်တိုင်းရင်းသူလေး ရတနာမိုင်ရဲ့ မြန်မာ ဆန်တဲ့ပုံရိပ်တွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Yadanar My

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။