သူမကတော့ မကြာသေးမီကမှ Shangpree ရဲ့brand ambassador တစ်ယောက်အနေနဲ့ ခန့်အပ်ခံလိုက်ရတာဖြစ်ပါတယ်။

ချစ်စရာကောင်းပြီး သွက်လက်လန်းဆန်းတဲ့ ဟန်ပန်အမူရာလေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်ခံနေရသူထဲမှာ သရုပ်ဆောင်မင်းသမီးချောလေး နန်းစုရတီစိုးတစ်ယောက်လည်း ပါ၀င်ပါတယ်။

မော်ဒယ်တစ်ဦးအဖြစ် ကြော်ငြာတွေရိုက်ကူးရင်းသာမက သီချင်းတွေလည်းအဆိုကောင်းတဲ့ နန်းစုရတီစိုး ဟာ အနုပညာသက်တမ်းဆယ်စုနှစ်ခုရှိပြီဖြစ်တဲ့ မင်းသမီးချောလေးဆိုလည်းမမှားပါဘူး။

အနုပညာဝါသနာကြီးတဲ့ နန်းစုကတော့ ငယ်ဘဝထဲက မင်းသမီးဖြစ်ဖို့ ဇာတာပါလာသလားမှတ်ရအောင် ကျောင်းကပွဲတွေမှာ မပါမဖြစ် ပါ၀င်လှုပ်ရှားဖူးသူလေးဖြစ်ပါတယ်။

ဖက်ရှင်ကျကျဝတ်စားတတ်ပြီး နောက်ဆုံးပေါ်Branded ပစ္စည်းတွေကိုသုံးစွဲနိုင်တဲ့ သူမဟာ မင်းသမီးဖြစ်ပေမယ့်လည်း မာန်မာနမရှိပဲ ပရိသတ်တွေနဲ့ တရင်းတနှီးပြောဆိုလေ့ရှိတာမို့ ပရိသတ်တွေ အချစ်ပိုနေရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တိုင်းစိတ်ဝင်စားနေရတဲ့ နန်းစု တစ်ယောက် လက်တလောမှာတော့ ချစ်သူနဲ့အတူ ခရီးတွေထွက်လိုက် အနုပညာအလုပ်တွေလုပ်လိုက်နဲ့ပဲ အချိန်ကုန်နေပါတယ်။

ကလေးဘဝအရွယ်ထဲက ချစ်စရာကောင်းခဲ့တဲ့ နန်းစုရဲ့ ပုံရိပ်တွေကို ပရိသတ်တွေလည်း သဘောကျမယ်လို့ မျှော်လင့်ပါတယ်။  

Photos - We love NansuyatiSoe 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။