ထူးထူးခြားခြားထွင်ပြီး လုပ်တယ်လို့ထင်ရပေမယ့် နောက်ကွယ်ကအကြောင်းရင်းကတော့ သင့်ကိုမျက်ရည်ချူစေမှာပါ။

လက်ထပ်တဲ့အချိန်မှစလို် သေတစ်ပန်သက်တစ်ဆုံး ဆိုးတူကောင်းဖက် ဘေးမှာရှိပါ့မယ်လို့ ကတိသစ္စာပြုခဲ့ကြရပါတယ်။ ဒီတရုတ်အဘိုးအိုကတော့ အဆိုပါကတိကို လက်တွေ့ အကောင်အထည်ဖော်ပြနေသူတစ်ယောက်ပါ။

အသက် ၆၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Yang Duxueအမည်ရ အဘိုးအိုဟာ သူ့ရဲ့ထူးခြားတဲ့ ဖက်ရှင်စတိုင်ကြောင့် လူအများသတိပြုမိတာကို ခံရသူပါ။ သူဟာ ခေါင်းမှာ အရည်အိတ်ကြီးတစ်အိတ်ကို ကြိုးနဲ့ချည်သွယ်ထားလေ့ရှိပါတယ်။ တကယ်အနီးကပ်ကြည့်မယ်ဆို အဲဒါဟာ ဆေးအိတ်ပါ။ အဘိုးအိုဟာ နေ့စဉ်နေ့တိုင်း အိပ်ရာထဲလှဲနေပြီး ဆေးသွင်းခံရမယ့်အစား သူကိုယ်တိုင်တီထွင်ထားတဲ့ အဆိုပါဆေးအိတ်ကို ခေါင်းပေါ်ချည်ထားပြီး လက်မှာအပ်နဲ့သွယ်ထားပြီး ဆေးသွင်းရင်း တခြားအရာတွေကိုလုပ်ပါတယ်။

အဘိုးအို ဒီလိုနေရတဲ့ အကြောင်းအရင်းက ဘာကြောင့်များပါလဲ။ သူ့ရဲ့ဇနီးဖြစ်သူဟာ ကိုယ်တပိုင်းသေနေပြီး မလှုပ်ရှားနိုင်တဲ့ ဇနီးဖြစ်သူကို ပြုစုကျွေးမွေးခြင်းပြုလုပ်ပါတယ်။ သူကိုယ်တိုင်ဆေးသွင်းနေရပေမယ့် ဇနီးဖြစ်သူကို ပြုစုနိုင်ဖို့အတွက် အဆိုပါဆေးအိတ်ကို ခေါင်းပေါ်သွယ်ထားပြီး လှုပ်ရှားနေရတာဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။ 

တရုတ်မနက်ပိုင်း သတင်းဌာနဖြစ်တဲ့ Chongqing သတင်းဌာနရဲ့ပြောကြားချက်အရ အဘိုးအိုဟာ အဆိုပါပုံစံနဲ့ သူ့ဇနီးကို စောင့်ရှောက်လာတာ ကြာပြီဖြစ်ပြီး ဇနီးဖြစ်သူက ခန္ဓာကိုယ် မလှုပ်မရှားနိုင်ဖြစ်တာ ၁၃နှစ်ရှိနေပါပြီလို့ ဆိုပါတယ်။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။