မြန်မာ့လက်ရွေးစင် ယူ-၁၉ အမျိုးသမီအသင်းနှင့် ဟောင်ကောင် ယူ-၁၉ အမျိုးသမီးတို့၏ ချစ်ကြည် ရေး ခြေစမ်းပွဲအတွက် Manager Meeting နှင့် ပွဲကြို သတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာ ၁၄ ရက်၊ မွန်းလွှဲ ၂းဝဝ နာရီအချိန်က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မွန်းလွဲ ၂းဝဝ နာရီတွင် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းနှင့် ဟောင်ကောင် ယူ-၁၉ အမျိုး သမီးအသင်းတို့ ခြေစမ်းပွဲ Manager Meeting ကို ပြုလုပ်ခဲ့ပြီး ထို့နောက် ညနေ ၃းဝဝ နာရီတွင် ပွဲကြို သတင်းစာရှင်းလင်းပွဲ ဆက်လက်ပြုလုပ်ခဲ့သည်။ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် မြန််မာ ယူ-၁၉ အသင်းမှ နည်းပြချုပ် ဦးဝင်းမြင့်သွင်နှင့် အသင်းခေါင်းဆောင် ခင်ပြည့်လင်းတို့ တက်ရောက်ခဲ့သလို ဟောင်ကောင် အသင်းမှ နည်းပြချုပ် Wong Chi Wai နှင့် အသင်းခေါင်းဆောင် Wai Yuen Ting တို့ တက်ရောက်ခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် မီဒီယာများ၏ မေးခွန်းများကို နှစ်ဖက်အသင်း နည်းပြ နှစ်ဦးမှ ဖြေကြားပေးခဲ့သည်။

မြန်မာ ယူ-၁၉ အသင်းနှင့် ဟောင်ကောင်အသင်းတို့သည် လာမည့် ဒီဇင်ဘာ ၁၅ ရက်၊ ညနေ ၅းဝဝ နာရီ၊ ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်း၌ ခြေစမ်းကစား မည်ဖြစ်သည်။

Ref., MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။