ကမ္ဘာကျော် အမေရိကန် အမျိုးသမီး သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ Jennifer Lawrence ကတော့ သရုပ်ဆောင် အနုပညာလောက ကနေ (၁)နှစ် အနားယူတော့မှာ ဖြစ်တယ်လို့ သိရပါတယ်..။

Jennifer Lawrence ဟာ လူငယ်များနဲ့ နိုင်ငံရေးအရ ပိုမိုထိစပ်နိုင်ဖို့ တက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ် ဆောင်ရွက်ဖို့အတွက် ဟောလိဝုဒ်ကို (၁၂) လခန့် ကျောခိုင်း ရပ်ဆိုင်းထားတော့မှာ ဖြစ်ပါတယ်..။

အမေရိကန် ဖျော်ဖြေရေးရုပ်သံ ET မှာ မကြာခင်ထွက်ရှိတော့မည့် သူမ၏ ရုပ်ရှင် Red Sparrow နှင့်ပတ်သက်ပြီး ပြောကြားခဲ့တုန်းကလည်း “ကျမ တစ်နှစ်လောက် သရုပ်ဆောင်လောက ကနေ အနားယူဦးမှာပါ.. ဒေသတွင်းမှာရှိတဲ့ လူငယ်တွေနဲ့ နိုင်ငံရေးအရ ပိုမိုနီးစပ်လာဖို့ ကြိုးစားနေတဲ့အနေနဲ့ အဖွဲ့ အစည်းတစ်ခုအတွင်းမှာ ဝင်ရောက်လုပ်ကိုင်မှာပါ..

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကိစ္စတွေကို အဓိကထားလုပ်ဆောင်သွားမှာ ဖြစ်ပြီး ကျမတို့ရဲ့ ဒီမိုကရေစီ အရေးကို ပြုပြင်ထိန်းသိမ်းပြီး အကျင့်ပျက်ခြစားမှုတွေကို ဟန့်တားနိုင်တဲ့ ဥပဒေတွေကို ပြည်နယ် တစ်ခုပြီးတစ်ခုမှာ အတည်ပြုသွားနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်” လို့ သူမက ပြောကြားခဲ့ပါတယ်..။

Jennifer Lawrence ဟာ ပြီးခဲ့တဲ့ (၂၀၁၅) ခုနှစ်ကတည်းက ကမ္ဘာပေါ်မှာ လစာဝင်ငွေအများဆုံး အမျိုးသမီးသရုပ်ဆောင် တစ်ဦး ဖြစ်ခဲ့သူလည်း ဖြစ်ပါတယ်..။

သူမ ရိုက်ကူးထားသော ရုပ်ရှင်များက ရရှိခဲ့တဲ့ စုစုပေါင်းဝင်ငွေကလည်း ဒေါ်လာ ၅.၅ ဘီလီယံကျော် ဖြစ်ပြီး အကယ်ဒမီဆုတွေကိုလည်း ဆွတ်ခူးသိမ်းပိုက်ထားနိုင်ခဲ့တာလည်း တွေ့ရပါတယ်..။

တိုင်း(မ်) မဂ္ဂဇင်းကလည်း (၂၀၁၃) ခုနှစ်ရဲ့ ကမ္ဘာ့အလွှမ်းမိုးဆုံးသူ (၁၀၀) စာရင်းမှာ သူမကို ဖော်ပြခဲ့ပြီး Forbes ကလည်း (၂၀၁၄) နှင့် (၂၀၁၆) ခုနှစ်ရဲ့ ထင်ရှားကျော်ကြားသူ (၁၀၀) စာရင်းမှာလည်း ထည့်သွင်းဖော်ပြခံခဲ့ရပါတယ်..။

Source - DailyMail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။