ကြွေပီးရင်းကြွေလောက်အောင်ကို ဖြူစင်တဲ့အပြုံးလေးတွေနဲ့ ပရိသတ်အသဲတွေကို ကြွေအောင်ဖမ်းစားနိုင်သူလေးက မျိုးကိုကိုစန်းဆိုတဲ့ သူမလေးပါ။အခုလည်း သူမက ပရိသတ်တွေကို တော်ကီလန်းလန်းလေးနဲ့ အပီချုပ်လိုက်ပါတယ်။

" သွေးခွဲစကားတွေကို မယုံနဲ့ချစ်သူရာ

တို့နှစ်ယောက်အကြောင်းသာအသိဆုံးပါ

သူငယ်ချင်း ယောကျိားလေးတွေနဲ့ အထင်မလွဲနဲ့ကွာ

စိတ်ချလက်ချ ချစ်နေပါကွာ " ဆိုပြီး ဒီလိုအပြုံးလေးလှလှလေးတွေနဲ့အတူ ရေးသားခဲ့တာပါ။

ဒီစာသားလေးကတော့ သူငယ်ချင်းဖြစ်သူရဲ့ စနောက်မှုကြောင့် ဖြစ်ပွားခဲ့တဲ့ဂယက်အပေါ် ပြန်လည်သက်ရောက်စေတဲ့သဘောနဲ့ ရေးသားထားတာပါ။

မျိုးကိုကိုစန်းဆိုတဲ့ သူမက အခုမှ ပရိသတ်ရဲ့ အချစ်ခံဖူးတာမို့ မထင်မှတ်လောက်အောင်ကို အရမ်းကျေးဇူးတင်ပြီး ပျော်ရွှင်ရပါတယ်လို့ဆိုပါတယ်။

အနုပညာနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုလေးတွေနဲ့ မကြာခဏဆိုသလို မြင်တွေ့နေရတဲ့သူမကို မကြာခင်မှာ လင်းလတ်တဲ့ကြယ်ပွင့်လေးတစ်ပွင့်အနေနဲ့ မြင်တွေ့ရတော့မှာမို့ ပရိသတ်ကြီးက အများကြီးအားပေးဖို့လည်း လိုတယ်နော်။

Source - Myo KoKo San FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။