နိုင်ငံတကာမှာ လူသိများပြီး 701 ဆိုပြီး မခွဲတမ်း ရှိမယ်ဆိုတဲ့ မမ်ဘာတွေ အတွက် တော့ Gary ထွက်သွားပြီးကတည်းက ကြေကွဲစရာဖြစ်ခဲ့ပါတယ်။ ယနေ့တွင်ပဲ ဆုန်ဂျီဟို နှင့် ကင်ဂျောင်းကွတ် ဟာဆိုရင် Runningman ကနေတရားဝင်ထွက်ခဲ့တယ်ဆိုပြီး သတင်းတွေထွက်လာပြီး Joung Kook ကတော့ သူ့ရဲ့ အဆိုတော်အဖွဲ့ ဖြစ်တဲ့Turbo နှင့်တူတူ အဆိုဘက်ကို အာရုံစိုက်ချင်လို့ ဆိုပြီး ဂျီဟို ကိုတော့ ဘာ အကြောင်းပြချက်မှ မထွက်လာခဲ့တဲ့အတွက် မီဒီယာတွေ သူမရဲ့ သရုပ်ဆောင်ဘက်ကိုပိုပြီး အာရုံစိုက်ချင်လို့ဆိုပြီးယူဆခဲ့ကြပါတယ်။

သို့သော်လည်း အဖြစ်မှန်ဟာဆိုရင် ဆုန်ဂျီဟိုရော ဂင်ဂျောင်းကွတ် ပါ သူတို့ Runningman ကနေထွက်တယ်ဆိုတာကို ဒီနေ့မှ သိရတာဖြစ်ခဲ့ပါတယ်။ သူတို့ နှစ်ယောက်ဟာ ထွက်ဖို့စိတ်ကူးလုံးဝမရှိဘဲ RM ကနေပြီး နှင်ထုတ်ခံရတယ်လို့တောင်ဆိုနိုင်ပါတယ်။ ကင်ဂျောင်းကွတ်ကိုတော့ လွန်ခဲ့တဲ့ အပတ်တွေတုန်းက RM မှာ အပြောင်းအလဲရှိနိုင်တယ်လို့ ပရိုဂျူဆာတို့ဘက်မှ အသိပေးအကြောင်းကြားခဲ့သော်လည်း ဂျီဟိုကတော့ သတင်းထွက်မှသိခဲ့ရတာပါ။

တကယ်ဆိုရင် RM ဟာ အဖွဲ့ သားတွေ ကြောင့်သာ လူသိများခဲ့တာဖြစ်သော်လည်း ကြည့်ရူ့နှုန်းနည်းနေတဲ့ ရက်တွေကြားထဲမှာမှ ယခုလို ကိစ္စမျိုးတွေ ဖြစ်လာတာတော့ RM ရဲ့ အနာဂတ်အတွက် ရင်လေးစရာပါဘဲ။ ဂျီဟို နှင့် ဂျုန်းကွတ်ကြားမှာ Kang Ho Dong ကို အစားထိုးမယ်လို့ သိရသော်လည်း RM ဟာ အရင်တုန်းက RM ဖြစ်ဖို့ မလွယ်တော့ သလို သူတို့ ရဲ့ ပရိသတ်တွေ အနေနှင့် လည်း ဒီရှိုးကို ပုံမှန်အတိုင်း ဆက်လက်ကြည့်ရှု့ဖို့ဆိုတာလုံးဝမလွယ်တော့ပါဘူး။

Source: Koreaboo

translated by anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။