မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပြိုင်ပွဲ ပထမအကျော့ပွဲစဉ်မှာ ဆီဗီလားအသင်းနဲ့ မန်ယူအသင်းတို့ဟာ ဂိုးမရှိသရေရလဒ်နဲ့ ပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။မန်ယူဂိုးသမားဒီဂီယာ ရဲ့ လက်စွမ်းပြ ကာကွယ်မှုနဲ့ အတူ မန်ယူအသင်းအဝေးကွင်းမှာ သရေရလဒ်ကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယအကျော့မှာလည်း နှစ်သင်းလုံးအတွက် အခွင့်အရေးအညီအမျှ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။ 

ဆီဗီလာအသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ မူရီရယ်၊ ကော်ရီယာ၊ ဗက်စ်ကွက်၊ ဆာရာဘီယာ၊ ဘန်နီဂါ၊ အန်ဇွန်ဇီ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။မန်ယူအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဆန်းချက်၊ လူကာကူ၊ မာတာ၊ တိုမီနေး၊ မာတစ်၊ ဟာရဲရား တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဆီဗီလာအသင်းဟာ မန်ယူအသင်းဘက်ကို အကြိမ်ပေါင်းများစွာ ဂိုးကန်ခြိမ်းခြောက်မှုတွေပြုလုပ်နိုင်ခဲ့ပေမယ့် ဒီဂီယာကို မကျော်နိုင်ခဲ့တာကြောင့် သရေရလဒ်နဲ့သာကျေနပ်ခဲ့ရတာလည်းဖြစ်ပါတယ်။

ဆီဗီလာအသင်းဟာ ဂိုးပေါက်ခြိမ်းခြောက်မှု ၂၅ ကြိမ် ရှိခဲ့ပြီး မန်ယူအသင်းဟာ ၆ ကြိမ်ထဲ ရှိခဲ့တာလည်းဖြစ်ပါတယ်။ဟာရဲရား ၁၇ မိနစ်မှာ ဒဏ်ရာရရှိခဲ့လို့ ပေါ့ဘာနဲ့ လူစားလဲခဲ့ပေမယ့် ခြေစွမ်းတော့ ပြသနိုင်ခဲ့ခြင်းမရှိတာလည်းဖြစ်ပါတယ်။ယခုပွဲရဲ့ အကောင်းဆုံးကစားသမားဆု Man Of the Match ကိုတော့ ဒီဂီယာက ရရှိခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။