သံတွဲမြို့နယ်တွင် အသက် (၅) နှစ်အရွယ်မိန်းကလေးကို မုဒိန်းကျင့်သတ်ဖြတ်သူ ကို ရဲတပ်ဖွဲက ဖမ်းဆီးအရေးယူ

သံတွဲမြို့နယ်တွင် အသက်(၅)နှစ်အရွယ်မိန်းကလေးကို မုဒိန်းကျင့်သတ်ဖြတ် ခဲ့တဲ့အသက်(၆၈)နှစ် အရွယ်အမျိုးသားကို ရဲတပ်ဖွဲ့ကဖမ်းဆီးအရေးယူ ထားပါတယ်။

ဒီဇင်ဘာလ (၁၃) ရက် ညနေပိုင်းက ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ စာနီတောင်ကျေးရွာမှာ (၅)နှစ်အရွယ် မိန်းကလေး ကိုမုန့်ကျွေးမယ်လို့ဆိုကာ ချော့မော့ ခေါ်ယူပြီး သားမယားအဖြစ် ပြုကျင့်သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

သားမယားအဖြစ်ပြုကျင့်နေစဉ် ကလေးငယ် ရဲ့ အော်ဟစ်မှု ကြောင့် ပါးစပ်နဲ့လည်ပင်းကို ညစ်ရာက လက်လွန်ပြီး သေဆုံး ခဲ့တာဖြစ်တယ်လို့ ပြည်နယ် ရဲအရာရှိ တစ်ဦးက ပြောပါတယ်။ ကလေးငယ်ရဲ့ အလောင်းကို ကျူးလွန်သူရဲ့ နေအိမ်မှာ ပက်လက် အနေအထားနဲ့ ဘောင်းဘီ ကိုဆုတ်ဖြဲထားပြီး လည်ပင်း၊ ညိုမဲဒဏ်ရာ ခေါင်းနောက်စေ့ ဆောင့်ထားတဲ့ ဒဏ်ရာတွေနဲ့ ့တွေ့ရှိခဲ့တာပဲ ဖြစ်တယ်လို့ ရဲအရာရှိက ပြောပါတယ်။

ကျူးလွန်သူအမျိုးသားဟာအကြောပြင်ဆရာတစ်ဦး ဖြစ်ပြီး အိမ်နီးနားချင်းနေထိုင် သူလည်းဖြစ်ပါတယ်။ ကျူးလွန်သူဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ဒီကနေ့ မနက်(၄)နာရီခန့်မှာ ရဲတပ်ဖွဲ့ကဖမ်းဆီး နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

5 Plus News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။