တောင်ကိုရီယားမှာ ကျင်းပနေတဲ့ အိုလံပစ်အပွဲအတွင်းမှာတော့ မြောက်ကိုရီးယားကမိန်းကလေးကစားသမားတွေရဲ့ အစားအသောက်ကြိုက်နှစ်သက်ပုံလေးတစ်ခုက တောင်ကိုရီးယားကစားသမားတွေကြားစိတ်ဝင်စားစရာလေးတစ်ခုဖြစ်ခဲ့ပါတယ်။

မြောက်ကိုရီးယားကလာတဲ့ အမျိုးသမီးဟော်ကီကစားသားတွေဟာ McDonald’s ရေခဲမုန့်ကိုကိုနှစ်နှစ်ခြိုက်ခြိုက်နဲ့ မနက်တိုင်းစားသောက်ခဲ့တာကြောင့်အခုလိုသတိထားမိစရာလေးတစ်ခုဖြစ်ခဲ့တာလို့သိရပါတယ်။ McDonald’s ကတော့ အမေရိကန်ပြည်ထောင်စုအခြေစိုက် အစားအသောက်ကုမ္ပဏီတစ်ခုဖြစ်ပြီး အလွယ်တကူအဆင်သင့်စားသောက်နိုင်တဲ့ အစားအသောက်တွေကိုထုတ်လုပ်ရောင်ချတာဖြစ်တယ်လို့သိရပါတယ်။ 

တောင်နဲ့မြောက်ပူးပေါင်းဖွဲ့စည်းထားတဲ့ ဟော်ကီအသင်းလေးရဲ့ ကစားသမားတစ်ယောက်ဖြစ်တဲ့ Randi Griffin က မြောက်ကိုရီးယားကစားသမားတွေအနေနဲ့ မနက်တိုင်းမှာ McDonald’s ရေခဲမုန့်ကိုသာ မှာစားကြတယ်လို့ဖွင့်ပြောခဲ့တာလဲဖြစ်ပါတယ်။မြောက်ကိုရီးယားကစားသမားတွေအနေနဲ့လဲ McDonald’s ဟာသူတို့အတွက် အရသာဆန်းလေးတစ်ခုကိုပေးစွမ်းနေတဲ့အတွက်ကြိုက်နှစ်သက်တာဖြစ်တယ်လို့လဲသိရပါတယ်။ 

ref - bbc 

Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။