မြန်မာနိုင်​ငံသူ အိမ်​ဖော်​အမျိုးသမီးမှဘတ်ရသန်းကျော်ဖိုး

ခိုးယူသွားကြောင်း ဖမ်းဆီးပေးလျှင်​ဆုငွေ ဘတ်တသိန်း

ချီးမြှင့်မည်ဟုထိုင်းလူမှုကွန်ယက်တွင် ဖော်ပြ

ယခုလ ၁၂ ရက်နေ့က မြန်မာအိမ်အကူအမျိုးသမီးတစ်ဦးက ထိုင်းသူဌေးအိမ်တစ်အိမ်ကနေ ငွေသား စိန် ရွှေ နှင့် အခြားတန်ဖိုးရှိပစ္စည်းများ အပါအဝင် စုစုပေါင်း ဘတ်ရသန်းကျော်ဖိုး ခိုးယူသွားကြောင်း ထိုင်းလူမှုကွန်ရက်မှာဖော်ပြထားပါတယ်။

ခိုးယူသွားသူဟု စွပ်စွဲခံရသူ ရုပ်ပုံ ပါတ်စပို့ပုံ အပါအဝင် ပုံစံ၃၈ကိုပါတင်ပြထားပြီး တွေ့လျှင်ဖမ်းပေးကြဖို့ ဖမ်းပေးသူကို ဆုငွေ ဘတ်တသိန်းချိးမြှင့်မည်ဟု ဆုငွေကိုပါ ရေးသားထားဖော်ပြပါတယ်။

အိမ်​ဖော်​ရဲ့အမည်ဟာ မခင်မြင့်ဦးဖြစ်ပြီး ပါတ်စပို့လိပ်စာအရ ကရင်ပြည်နယ် ဘားအံမြို့ဖြစ်ပါတယ်​ဟု​ရေးသားထားပါတယ်​။ အိမ်ရှင်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Alcotec Co., Ltd ရဲ ့MD ဖြစ်ပြီး အမည်မှာ Mr. Thanapak Alcotec ဖြစ်ပါတယ်။

Source: မြန်မာ့သတင်းဦးသတင်းထူးများ

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။