နာမည်ကျော်မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ မေဦးတစ်ယောက် သူ့ရဲ့ချစ်သူ ဟန်လင်းနဲ့ အတူ ငပလီ ကမ်းခြေမှာ အပန်းဖြေနေတာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး လိုက်ဖက်လွန်း တဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ကမ္ဘာလေးကို ပရိတ်သတ်တွေကလည်း ချစ်ခင်ပြီး အာကျ ကြပါတယ်။ အောင်မြင်တဲ့ မိတ်ကပ်ပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေတာဖြစ်ပြီး သူရဲ့ ပြင်ဆင်ချယ်သမှုလေးတွေဟာ တကယ်ကိုပဲလှပလွန်းပြီး ပရိတ်သတ်တွေကြားမှာ တကယ်ကိုရေပန်းစားလွန်းပါတယ်။

ပြီးခဲ့တဲ့လက သူတို့နှစ်ယောက်ရဲ့ နှစ်ပတ်လည်နေ့လေးမှာ ဟန်လင်းက မေဦးကို ကမ်းခြေမှာ Surprise လုပ်ပေးခဲ့တာကြောင့် ပရိတ်သတ်တွေကလည်း သဘောတကျနဲ့ ဝိုင်းဝန်းအားပေးခဲ့ကြပါတယ်။ အမြဲတမ်း နှစ်ယောက်အတူ ကုသိုလ်တွေလုပ် ဘာသာရေး တွေလုပ် ခရီးတွေသွားနဲ့ အရမ်းကိုလိုက်ဖက်လွန်းတဲ့ လိင်တူစုံတွဲလေးတစ်တွဲပါပဲ။

လိင်တူစုံတွဲဖြစ်ပေမယ့် သူတို့နှစ်ဦးကို ပရိတ်သတ်တွေက အမြင်မစောင်းပဲ အားပေးလက်ခံ လာ ကြတာ အချိန်အတော်ကြာခဲ့ပြီပဲဖြစ်ပါတယ်။ ပါပါးနဲ့ ဒယ်ဒီဆိုပြီး ပရိတ်သတ်တွေပေးတဲ့ ချစ်စနိုး နာမည်ပြောင်လေးတွေအပြင် နှစ်ယောက်ပေါင်းပြီး ဟန်ဦးစုံတွဲလို့လည်း ခေါ်ဝေါ် ကြပါသေးတယ်။ ချစ်စရာကောင်းတဲ့ မြန်မာနိုင်ငံက လိင်တူစုံတွဲလေးတစ်တွဲရဲ့ ငပလီကမ်းခြေ က အမိုက်စားပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - May Oo's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။