ဖေဖော်ဝါရီ (၂၂) ရက်အင်ဒိုနီးရှားနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ မြေပြိုမှုဖြစ်ပြီး လူပေါင်းအယောက်နှစ် ၂၀ မှာတော့ ၅ ကသေဆုံးခဲ့ပြီး ကျန် (၁၅) ဦးကတော့ပျောက်ဆုံးလျှက်ရှိနေပါတယ်။

ဂျာဗားကျွန်းအလယ်ပိုင်း ဘရိစ် ဒေသက လှေခါးထစ် စိုက်ပျိုးနည်းနဲ့ စိုက်ပျိုးထားတဲ့ စပါးစိုက်ခင်းတစ်ခုမှာ ယခုလို မြေပြိုမှု ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

သေဆုံးသွားသူတွေကတော့ စပါးစိုက်ခင်းတွေထဲမှာ အလုပ်လုပ်နေခဲ့တဲ့ တောင်သူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

" မြေပြိုမှုကြောင့် စိုက်ခင်းတွေမှာ အလုပ်လုပ်နေခဲ့ကြတဲ့ တောင်သူတွေ ဖုံးလွှမ်းခံလိုက်ရပါတယ်" ဆိုပြီး သဘာဝဘေးသက်သာလျော့ပါးရေး အေဂျင်စီက ပြောခွင့်ရပုဂ္ဂိုလ် ဆူတိုပို ပူဝါ၀ို နူဂရိုဟိုက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတော့ အဆိုပါ တောင်ကုန်းဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ရှိခဲ့ပြီး ယခုအခါမှာ မြေပြိုမှုဖြစ်စဉ်နဲ့ ရင်ဆိုင်လိုက်ရတာဖြစ်ပါတယ်။ ဒီလိုမြေပြိုမှုကြောင့် ရထားလမ်းတွေနဲ့ နေအိမ်တော်တော်များများပါ ပျက်စီးခဲ့ပါတယ်။

source - AFP

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။