"အစားမတော်တစ်လုပ်၊ အသွားမတော်တစ်လှမ်း"ဆိုတဲ့ ဆိုရိုးစကားလေးကိုကြားဖူးကြမယ်ထင်ပါတယ်။ သေခြင်းဆိုတာ "ကွေးသောလက်မဆန့်မှီ၊ ဆန့်သောလက်မကွဲမှီ"ဆိုတဲ့ ဆိုရိုးစကားလေးလည်းရှိပြန်တယ် မဟုတ်ပါလော ပရိတ်သတ်ကြီးတို့ရယ်။ ကံတရားဆိုတာ ကြိုမသိရသလို တစ်ခါတစ်လေမှာ မထင်မှတ်တဲ့အချိန်တွေမှာ မထင်မှတ်လောက်တဲ့အခြေအနေတွေ ဆိုးရွားစွာဖြစ်ပေါ်တတ်ကြပါတယ်။ 

အိန္ဒိယနိုင်ငံရဲ့ ကျောင်းတစ်ကျောင်းမှာ ပျော်ပွဲရွှင်ပွဲလုပ်နေတုန်း မထင်မှတ်ဘဲသေပွဲဝင်ခဲ့ရတဲ့ ကျောင်းသားတစ်ချို့ရဲ့ အဖြစ်ပျက်လေးဟာတကယ်ကို ဝမ်းနည်းစရာကောင်းလှပါတယ်။ Banglore ကျောင်းရဲ့ နှစ်ပတ်လည်ပွဲကို ဖျော်ဖြေရေးတွေနဲ့ စည်ကားစွာကျင်းပနေချိန်မှာ စတိတ်စင်ပြိုကျမှုဖြစ်ပြီး အကဖြင့်ဖျော်ဖြေပေးနေကြတဲ့ ကျောင်းသားတစ်ချို့ဟာ ဒဏ်ရာရသူတစ်ချို့ရပြီး သေဆုံးသူ(၉)ဦးရှိခဲ့ပါတယ်။ 

စီစဉ်သူတစ်ဦးတစ်ယောက်ရဲ့ မသေသပ်မှုတွေကြောင့် လူအများအသက်ကိုပေးခဲ့ရတဲ့ ဒီပျော်ပွဲရွှင်ပွဲလေးဟာတော့ တကယ်ကိုခြောက်ခြားစရာဝမ်းနည်းခြင်းအထိမ်းအမှတ်ပွဲလေးအဖြစ် ပြောင်းလဲသွားခဲ့ရပါတယ်။ ရင်နှင့်ဖွယ်အပြစ်ကင်းတဲ့ကျောင်းသားလေးတွေရဲ့ မတော်တဆကြုံဆုံခဲ့ရတဲ့ ဝမ်းနည်းဖွယ်မှတ်တမ်းလေးတစ်ခုကို ပရိတ်သတ်တွေဆီမျှဝေပေးလိုက်ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။