ခြူးလေးဆိုတဲ့ ဒီအပြုံးမင်းသမီးလေးကတော့ ဒီနေ့မှာ ရှုတင်ပေါ်ကပုံရိပ်ကလေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေလာပါတယ်။

ရိုးရှင်းတဲ့ပုံကလေးဆိုပေမယ့်လည်း သူမရဲ့ပင်ကိုအလှကတော့ ပေါ်လွင်လို့နေတယ်ဆိုတာ ပရိသတ်ကြီးလဲ သိမှာပါ ။

Forever Group ရဲ့ ပင်တိုင်စံမင်းသမီးချောလေးသူမက MTRV – 4 ရဲ့ ဇာတ်လမ်းတွဲ များစွာ မှာ ပါဝင်သူတစ်ယောက်ဖြစ်သလို ကြည့်ရှုသူအများဆုံးနဲ့ စံချိန်တင်ခဲ့တဲ့ “ ပဉ္ဇလတ်ရွာ” ဆိုတဲ့ဇာတ်လမ်းတွဲလေးက စိမ်းဝါလေးကိုတော့ ပရိသတ်ကြီးက မေ့မယ်မထင်ပါဘူး ။

ငယ်စဉ်ကတည်းက မိဘတွေမရှိဘဲ အားငယ်ကာ တစ်ယောက်တည်းကိုယ့်လမ်းကို ယ် ဖောက်ကာ လျှောက်လှမ်းခဲ့ရတယ်ဆိုတဲ့သူမက အနုပညာဘက်ခြေလှမ်းစတဲ့အခါ အခက် အခဲတွေနဲ့ ထိုးနှက်မှုတွေကိုလည်း ခံယူခဲ့ရပါတယ်လို့ဆိုပါတယ်။

ဒါပေမယ့်လည်း အခုဆိုရင်တော့ သူမရဲ့ ရူးသွပ်စွာကြိုးစားခဲ့မှုတွေကြောင့် ခြူး ဆိုတဲ့ နာမည်လေးကို ပရိသတ်က အသိအမှတ်ပြုကာလက်ခံလာသူလေး ဖြစ်ခဲ့ပါတယ်။

MRTV-4 မှာပြသတော့မယ့် စိတ်ဝင်စားဖွယ်ရာဇာတ်လမ်းသစ်လေးနဲ့အတူလည်း ပရိသတ် တွေရှေ့ကိုပြန်လည်ရောက်ရှိလာအုံးမှာပဲ ဖြစ်ပါတယ်။

Source - စိန်ခြူး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။