ပရိသတ်တွေနဲ့ နှစ်တော်တော်ကြာအဆက်သွယ်ပျက် နေခဲ့တဲ့ သရုပ်ဆောင်ရိုတ ကတော့ မကြာခင်မှာ ပြောင်းလဲမှု များစွာနဲ့ ပြန်လာတော့မယ်လို့ သိရပါတယ်။တစ်ချိန်ကပရိသတ် အားပေးမှုများစွာရရှိခဲ့ပေမယ့် အနုပညာလောကမှအနားယူခဲ့ကာ ပရိသတ်တွေနဲ့ဝေးကွာနေခဲ့တာပဲ ဖြစ်ပါတယ်။ပရိသတ်တွေရော ပရိသတ် အချစ်တော် သရုပ်ဆောင်ရိုတကို လွမ်းနေကြလောက်မယ်လို့ ယုံကြည်ပါတယ်။ 

မကြာခင်မှာတော့ ပထမဆုံးအနုပညာခြေလှမ်းအသစ်နေနဲ့ တေးစီးရီးအသစ်လေး တစ်ခုဖြန့်ချီတော့မှာပဲ ဖြစ်ပါတယ်။ရိုတရဲ့ညီမဖြစ်သူ ဆုလာဒ်ရွှေဇင်နဲ့အတူ နှစ်ယောက်ပေါင်းပြီး “ချစ်ရင်ချစ်တယ်ဖွင့်ပြောလိုက်” အမည်ရှိတဲ့ တေးစီးရီးလေးကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်။သုံးနှစ်လောက် အချိန် ယူပြီးသေချာဖန်တီးထားတဲ့ ဒီခွေလေးကတော့ ပရိသတ်တွေအကြိုက်နဲ့ ထပ်တူကျစေရမယ့်လို့ ယုံကြည်ပါ တယ်။  

ရုပ်ရှင်ဇာတ်ကားတွေလည်း လက်ခံထားတဲ့ရှိပြီး မင်းသမီးချောဆုပန်ထွာနဲ့လည်း နဲ့ပထမဆုံး ဗီဒီယို ဇာတ်ကားအသစ်တစ်ခု ပြန်လည်ရိုက်ကူးတော့မယ်လို့လည်း သိရပါတယ်။လွန်ခဲ့တဲ့ နှစ်ကာလတွေက ပရိသတ်တွေနှလုံးသားကို ဖမ်းစားခဲ့တဲ့ သရုပ်ဆောင်ရိုတ ကတော့လက်ရှိမှာ တော်တော်လေးကို ပြောင်းလဲသွားခဲ့ပြီအရမ်းကိုကြည့်ကောင်းလာတာပဲဖြစ်ပါတယ်။ပရိသတ် တွေဆီအနုပညာခြေလှမ်းတွေနဲ့ ပြန်လည်ရောက် ရှိလာတော့မယ့် ရိုတကို အရင်လိုပဲအားပေးကြအုန်းမယ် မဟုတ်လားပရိသတ်ကြီး???။ 

သတင်းအရင်းအမြစ် - ရိုတ  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။