မြန်မာနိုင်ငံရဲ့ နာမည်ကြီးလူသိများတဲ့ အဆိုတော်တစ်ဦးဖြစ်သလို ပရိသတ်အားပေးချစ်ခင်မှုကို ရရှိထားသူလည်းဖြစ်တဲ့ အဆိုတော်တွေထဲမှာ ဘန်နီဖြိုး တစ်ယောက်လည်းပါဝင်ပါတယ်။ လူငယ်တွေနဲ့ မိန်းကလေးတွေကြား ရေပန်းစားတဲ့အဆိုတော်တစ်ဦးဖြစ်ပြီး သူ့ရဲ့ အချစ်ရေးဟာလည်း ပရိသတ်တွေကြား စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။ 

ပရိသတ်တွေအားကျခဲ့ရတဲ့ အချစ်ရေးတစ်ခန်းရပ်ခဲ့ပြီးနောက် လက်ရှိမှာတော့ ဘန်နီဖြိုးရဲ့ အချစ်ရေးနဲ့ပတ်သတ်တဲ့ ကောလဟာလသတင်းအချို့ကတော့ ပရိသတ်တွေကြား ပျံ့နှံ့လို့နေပါတယ်။ အချစ်အကြောင်းတွေနဲ့ပတ်သတ်ပြီး ခံစားချက်တွေရေးတင်နေတာမြင်ရသလို အခုတစ်ခါလည်း ယခုလိုရေးသားတင်ထားတာကို တွေ့ရပါတယ်။ "ငါနင့်ကြောင့်အိပ်မပျော်တဲ့အကြောင်းကို အိပ်ပျော်နေတဲ့နင့်ကိုသိစေချင်တယ် ..." ဆိုပြီး သူ့ရဲ့ လူမှုစာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်။

ထို post အောက်မှာတော့ ကိုသားညီနဲ့ G-Fatt တို့က ဝင်ရောက် comment ရေးသား နောက်ပြောင်ထားတာကိုလည်း တွေ့ရပါတယ်။ လက်ရှိမှာတော့ ဘန်နီတစ်ယောက် Snare နဲ့အတူ သီချင်းအသစ်တွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။ ယနေ့မှာတော့ သီချင်းအသစ်တစ်ပုဒ်ကို ချက်ချင်းရေး ချက်ချင်းသွင်းပြီးမြောက်သွားတာမို့ ပျော်မြူးနေတယ်ဆိုပြီးတော့လည်း သူ့ရဲ့ Fan page မှာ ရေးသားထားတာတွေ့ရပါတယ်။ 

Photo: Bunny Phyoe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။