မင်းသမီးချောလေး အိချောပိုကတော့ ချစ်စဖွယ် အမူအရာလေးတွေနဲ့ ဓာတ်ဖမ်းထားတဲ့ သူမရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကို ပြန်လည်မျှဝေလိုက်ပါတယ်..။

သူမချစ်ရတဲ့ ပရိသတ်တွေ ပို့ပေးတဲ့ အကျႌလေးနဲ့ ဖိနပ်လေးဝတ်ပြီး ပဲပေးနေတာဆိုပြီး သူမရဲ့ ဓာတ်ပုံလေးတွေနဲ့အတူ ပရိသတ်တွေကိုလည်း ကျေးဇူးတင်စကားလေးလည်း ပြောထားပါသေးတယ်..

“ချစ်ရတဲ့ပရိတ်သတ်တွေပို့ပေးထားတဲ့ အကျႌလေးနဲ့ဖိနပ်ကလေးကိုဝတ်ပြီး ပဲများ...

ကျေးဇူးပါ ချစ်ဆုံးတို့...” လို့ ရေးသားထားပြီး သူမရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

သူမ ပြန်လည်မျှဝေထားတဲ့ ပုံရိပ်လေးတွေကတော့ အသားရောင်ဝတ်စုံလေးနဲ့ တကယ်ကို လိုက်ဖက်ပြီး ချစ်စရာကောင်းနေတာမို့ လက်ဆောင်ပို့ပေးလိုက်တဲ့ ပရိသတ်တွေကတော့ တကယ်ကို ကျေနပ်သဘောကျနေမှာပါပဲနော်..

မင်းသမီးချောလေး အိချောပိုကတော့ သူမရဲ့ ချစ်စဖွယ်အမူအရာလေးတွေနဲ့ သရုပ်ဆောင်ကောင်းမှုကြောင့် အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိပိုင်ဆိုင်ထားပြီး လတ်တလောမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတာ တွေ့ရပါတယ်..။

မင်းသမီးချောလေး အိချောပိုရဲ့ လတ်တလော လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း ပရိသတ်ကြီးများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Source - အိချောပို fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။