မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အတွင်းရှိ တံတာဦး မြို့မအထက်တန်းကျောင်း၌ စာသင်ခန်းအတွင်း၌ ကျောင်းသားချင်း စကားများ ရန်ဖြစ်ရာမှ ဓားထိုးမှု ဖြစ်ပွားခဲ့ပြီး ကျောင်းသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း တံတားဦး မြို့မရဲစခန်းထံမှ သိရခဲ့ပါတယ်။

“ဆယ်တန်းကျောင်းသားချင်း စာသင်ခန်းထဲမှာ စရင်းနောက်ရင်း စိတ်တိုဒေါသထွက်ပြီး ဓားထိုးမှု ဖြစ်တာပါ၊ အပြင်မှာ ချိန်းပြီး ဖြစ်ကြတာ မဟုတ်ပါဘူး” ဟု မြို့မရဲစခန်းမှ တာဝန်ရှိကျ အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာ ၁၅ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်က တက္ကသိုလ်ဝင်တန်း အခန်းအမှတ် (C) မှ ကျောင်းသားများ ဖြစ်ကြသည့် မောင်အောင်ခိုင်ဖြိုးဦး (အသက် ၁၇ နှစ်) နှင့် မောင််သန်းထိုက်အောင် (အသက် ၁၈ နှစ်) တို့ နှစ်ဦး စနောက်ရာမှ စကားများ ရန်ဖြစ်ကြခြင်း ဖြစ်ကြောင်း

ယင်းသို့ စကားများကြရာမှ မောင်အောင်ခိုင်ဖြိုးက ဓားဖြင့် မောင်သန်းထိုက်အောင်ကို ထိုးခဲ့ရာ ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ကြောင်း တံတားဦး မြို့မရဲစခန်းထံမှ သိရပါတယ်။

ယင်းဖြစ်စဉ်နှင့် ပက်သက်ပြီး မောင်အောက်ခိုင်ဖြိုးဦးအား (ပ) ၃၀၀/၂၀၁၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း တံတားဦး မြို့မရဲစခန်းထံမှ သိရသည်။

Source : The Voice

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။