အိန္ဒိယနိုင်ငံက ကျေးရွာလေးတစ်ခုမှာတော့ Khalida Begum ဆိုတဲ့ အမျိုးသမီးဟာ ကလေးငယ်လေးတစ်ဦးကို မွေးဖွားခဲ့ပါတယ်။ ဒါပေမယ့် သူမက သူမသားငယ်ကလေးကို မချီရဲလောက်အောင်ကို ထိတ်လန့်လို့နေပါတယ်။

ဒါကတော့ မွေးဖွားလာတဲ့ သားငယ်ကလေးရဲ့ ပုံစံမကျတဲ့ရုပ်ရည်လက္ခဏာကြောင့်ဖြစ်ပြီး အမေဖြစ်သူဖြစ်သူ အပါအဝင် တစ်ရွာလုံးကတော့ နတ်ဘုရားတစ်ပါးပါးက ဝင်စားတယ်ဆိုပြီး သတ်မှတ်ချက်တွေရှိနေခဲ့သလို တချို့ကလည်း မကောင်းတဲ့သူတစ်ယောက်အဖြစ် ယုံကြည်လို့နေပါတယ်။

ဦးနှောက်တစ်ခုလုံးက ထွင်းဖောက်မြင်နေရကာ မျက်ဝန်းအိမ်နှစ်ခုက စူထွက်နေတဲ့ အနေအထားကြောင့် သားငယ်ကလေးကိုမြင်တဲ့ သူတိုင်းဟာ ထိတ်လန့်လို့နေပါတယ်။

ခေတ်သစ်ဆေးပညာများအရတော့ ကလေးငယ်ကလေးဟာ လွန်စွာရှားပါးလှတဲ့ ရောဂါတစ်မျိုးကို ခံစားနေရပါတယ်လို့ ဆိုပါတယ်။

သူမအရင်မွေးဖွားခဲ့တဲ့ သားသမီး (၃) ယောက်စလုံးဟာ ကျန်းမာစွာနဲ့ ပုံမှန်အတိုင်းရှိ နေပြီး ယခုအငယ်ဆုံးကလေးကသာ ဒီလိုရောဂါမျိုးခံစားနေရတယ်လို့ ဆိုပါတယ်။

ဘယ်လိုတွေပဲဖြစ်နေပါစေ ဖခင်ဖြစ်သူကတော့ ဘုရားပေးတဲ့ လက်ဆောင်တစ်ခုလို့သာ သဘောထားကာ အကောင်းဆုံးပြုစုစောင့်ရှောက်သွားမှာလို့ ဆိုပါတယ်။

Source – Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။