ဘောလိဝုဒ်ရဲ့ ဂန္ဒဝင်မင်းသမီးကြီးဖြစ်တဲ့ စရီးဒေဝီ ရုတ်တရက်ကွယ်လွန်တဲ့သတင်းဟာ တောမီးပမာပဲ နိုင်ငံတကာကို ပျံ့နှံ့သွားခဲ့ပြီး အိန္ဒိယရုပ်ရှင်လောကအတွက် ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ခဲ့တာပါ။

စရီးဒေဝီ ဟာ ဆွေမျိုုးနီးစပ်သူတစ်ဦးရဲ့ မင်္ဂလာပွဲတစ်ခုတက်ရောက်ချိန် သူမတည်းခိုရာ ဟော်တယ်မှာ နှလုံးရောဂါနဲ့ ရုတ်တရက်ကွယ်လွန်ခဲ့တယ်လို့ အိန္ဒိယသတင်းဌာနတွေမှာ ကနဦး ဖော်ပြထားတာပါ။

လက်ရှိမှာတော့ သူမရဲ့ ရုပ်အလောင်းကို ဒူဘိုင်းရဲတပ်ဖွဲ့နဲ့ ဆေးမှုခင်းအဖွဲ့ရဲ့ စစ်ဆေးမှုရလာဒ်က အနုပညာသိုင်းဝိုင်းနဲ့ ပရိသတ်တွေကို ဒွိဟဖြစ်စေခဲ့ပါတယ်။

အသက်(၅၄)နှစ်ရှိနေတဲ့ စရီဒေဝီဟာ သေဆုံးတဲ့ စနေနေ့ (ဖေဖော်ဝါရီလ ၂၄)ရက် ညက သူမဟာ အရက်သောက်ထားတဲ့ လက္ခဏာမျိုးစစ်ဆေးတွေ့ရှိရပြီး.ရေချိုးကန်ထဲကို အမှတ်တမဲ့ ချော်ပြီး ပြုတ်ကျရာကနေ ရေနစ်သေဆုံးခြင်းဖြစ်တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုပြောကြားလိုက်တာပါ။

သူမဟာ English Vinglish ဆိုတဲ့ အိန္ဒိယဇာတ်ကားမှာ အင်္ဂလိပ်စာမတတ်တဲ့ မိခင်အိမ်ထောင်ရှင်မတစ်ဦးဇာတ်ရုပ်မှာ မြန်မာပရိသတ်တွေနဲ့မစိမ်းတဲ့ မင်းသမီးကြီးဖြစ်ပါတယ်။

အမီတာဘကျမ်း ၊ရှရွတ်ခမ်း ၊ အမီရ်ခန်းစတဲ့ ထိပ်တန်းမင်းသားတွေနဲ့လည်း ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သူဖြစ်ပါတယ်။

သူမကွယ်လွန်တဲ့သတင်းကြားကြားချင်းမှာ အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီ အပါအဝင် ပရိသတ်တွေနဲ့ အနုပညာအသိုင်းဝိုင်းကပါ တွစ်တာမှာ ဝမ်းနည်းကြောင်းစာလွှာတွေအသီးသီးထုတ်ဖော်ရေးသားထားကြပါတယ်။  

Source : Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။