ဒါဟာ ထူးခြားတဲ့ပွဲလည်းဖြစ်ပြီး ဒီထဲမှာတော့ လူပေါင်း ၂၀၂ ဦး သေးဆုံးခဲ့တဲ့ ၂၀၀၂ ခုနှစ်က ဘာလီကျွန်းတိုက်ခိုက်မှုတွင် ပါဝင်ခဲ့တဲ့စစ်သွေးကြွတွေလည်း ပြန်လည်ပါဝင်လာတော့မှာဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံတွင် ပြန်လည်ရင်ကြားစေ့ရေး မြှင့်တင်မှုနှင့် အစွန်းရောက်များအား တိုက်ထုတ်ရေး ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ဒေသအဖြစ် စစ်သွေးကြွဟောင်း ၁၀၀ ကျော်ထက်မနည်းက တိုက်ခိုက်မှုများမှ ရှင်ကျန်ရစ်သူများနှင့် သေဆုံးခဲ့ရသူများ၏ မိသားစုများကို ပြန်လည်ဝန်ချတောင်းပန်မှုအား ယခုသီတင်းပတ်အတွင်း ပြုလုပ်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောပါတယ်။

ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်တွင် အကြိုပြလုပ်မှု အခမ်းအနားကို စတင်ကာ နှစ်ရက်တာ ပြုလုပ်ပြီးနောက် အစွန်းရောက်တိုက်ခိုက်မှုများ ဒဏ်ခံခဲ့ရသူများနှင့် တွေ့ဆုံတောင်းပန်မှုကို လာမည့် ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။

ငြိမ်းချမ်းရေးကို ရည်ရွယ်ကာ ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်ရာ ယခင်အစွန်းရောက်သူများအတွက် ချောမောပြေပြစ်စွာ လူမှုအသိုင်းအဝန်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေး ရည်ရွယ်ခြင်းပဲ ဖြစ်ကြောင်း အင်ဒိုနီးရှား တန်ပြန်အစွန်းရောက်တိုက်ဖျက်ရေးအေဂျင်စီမှ တာဝန်ရှိသူများက ပြောပါတယ်။ 

ပြန်လည်တောင်းပန်မှု ပြုလုပ်မည့် အစွန်းရောက်များအားလုံးသည် ၎င်းတို့ ကျခံသင့်သော ပြစ်ဒဏ်ကို ကျခံပြီးသူများ ဖြစ်ကြသော်လည်း အများစုမှာ ထောင်ပြင်ပသို့ ပြန်လည်ရောက်ရှိသော ဘဝတွင် နေသားတကျဖြစ်ရေးအတွက် အခက်အခဲ တွေ့ကြုံနေရသူများ ဖြစ်နေပါတယ်။

“ဒီ တောင်းပန်ပွဲမှာ အစွန်းရောက်အကျဉ်းသားဟောင်း ၁၂၀ ကျော် ပါဝင်မှာ ဖြစ်ပါတယ်။”ဟု တန်ပြန်အစွန်းရောက်တိုက်ဖျက်ရေး အေဂျင်စီမှ အစွန်းရောက်မှု မရှိရေးဌာန ညွှန်ကြားရေးမှူး အားဖန်အက်ဒရီးစ်က အေအက်ဖ်ပီသို့ ပြောခဲ့ပါတယ်။ 

source - AFP

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။