ခရီးအတူသွားပြီး ခရီးစရိတ်အကုန်ခံမယ့်အပြင် Iphone7 ကိုပါ လက်ဆောင်ပေးမယ်လို့ဆိုပါတယ်။ အဆိုပါအမျိုးသမီးမှာ သမီးအရင်းတစ်ယောက်ရှိပါတယ်။ ဒါပေမယ့် သမီးဖြစ်သူဟာ ကနေဒါမှာ အလုပ်တွေအရမ်းရှုပ်နေတာကြောင့် အထီးကျန်နေတဲ့မိခင်ဖြစ်သူဟာ အဆိုပါကြေညာချက်ကို ထုတ်ပြန်ခဲ့ရတာလို့ ဆိုပါတယ်။ 

တရုတ်ပြည် Zhengzhou ပြည်နယ်မှာရှိတဲ့ မျိုးရိုးနာမည် Li လို့ခေါ်တဲ့ အသက် ၆၃နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဆိုပါအမျိုးသမီးဟာ ပိုက်ဆံလဲရှိ၊ အားလုံးပြည့်စုံပေမယ့် အထီးကျန်ဆန်နေခဲ့ရပါတယ်။ ဒါကြောင့်မို့ Li ဟာ အဆိုပါထူးခြားတဲ့ကြေညာချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

Li ဟာ ခရီးအတူသွားမယ့် သမီးအဖြစ်နဲ့ နေပေးရမှာဖြစ်ပြီး ဓာတ်ပုံတွေလဲရိုက်ပြီး စကားတွေအတူပြောပေးရုံပဲလို့ ဆိုပါတယ်။ ဒီကြေညာချက်ရဲ့အောက်မှာ Li ဟာ သူမရဲ့ခရီးစဉ်မှာပါဝင်ပေးမယ်ဆိုရင် အထူးပင်ကျေးဇူးတင်မှာဖြစ်ပြီး ခရီးစရိတ်အကုန်အကျခံပေးမယ့်အပြင် Iphone 7ပါ လက်ဆောင်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ စိတ်ပါဝင်စားတဲ့သူရှိရင် သွားရောက်လျှောက်ဖို့လိုပြီနော်။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။