ရုပ်ရှင်နဲ့ဗွီဒီယိုသရုပ်ဆောင် အကယ်ဒမီ မယ်လိုဒီ ဟာ အိမ်ထောင်ကျပြီးနောက်မှာ ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေအချိန်အတေ်ာကြာ ရပ်နားထားခဲ့တာဖြစ်ပါတယ်။

သားလေးသိဒ္ဓိစစ် မွေးပြီးနောက် လက်တလောမှာ အနုပညာအလုပ်တွေပြန်လုပ်နေတဲ့ မင်းသမီးချော မယ်လိုဒီ တစ်ယောက် ဇာတ်ကားရိုက်ကူးမှုတွေနဲ့ ကြော်ငြာတွေလည်း ပြန်လက်ခံရိုက်ကူးနေပြီဖြစ်ပါတယ်။

လက်တလောမှာတော့ မယ်လိုဒီ ဟာ ကျီးပေါင်းမူးပြီးနေမကောင်းဖြစ်နေတဲ့အကြောင်းကို သူမရဲ့ ပရိသတ်တွေကို အခုလိုပဲ အားကိုးတကြီး ရင်ဖွင့်လိုက်တာဖြစ်ပါတယ်။

“ခေးမေ ကျီးပေါင်းမူးတာ ၃ရက်ရှိပြီ

မနက်ဖြန်တော့ ကောင်းဖို့မျှော်လင့်မိတယ်

GYM ၂ရက်မသွားရတာ စိတ်ဓာတ်ကျတယ်

နေကောင်းဖို့ မေတ္တာပို့ဆုတောင်းပေးကြပါနော်

အားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာ ကောင်းကျိုးလိုရာဆန္ဒပြည့်စုံကြပါစေရှင်..” လို့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားတာဖြစ်ပါတယ်။

အိမ်ထောင်ရေးကံကောင်းတဲ့ သူမဟာ သားလေးတစ်ယောက်ရဲ့ မေမေအဖြစ် အိမ်ထောင်ရှင်မဘဝကိုလည်း ပျော်ရွှင်စွာ အချိန်ပေးနေသူလည်းဖြစ်ပါတယ်။

Gym မကြာခဏ ဆော့ရင်း ခန္ဓာကိုယ်အလှကို ပြန်ထိန်းသိမ်းနေတဲ့သူမဟာ အပျိုလေးတွေရှုံးလောက်အောင် လှနေဆဲမို့ သူမကို ချစ်ခင်အားပေးတဲ့ပရိသတ်တွေကတော့ လျော့သွားခြင်းမရှိသေးပါဘူး။

ပရိသတ်ကြီးလည်း မယ်လိုဒီအမြန်နေကောင်းအောင် ဆုတောင်းပေးလိုက်ပါဦးနော် 

Source : Melody fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။