ဂျူဗင်တပ်အသင်းရဲ့ ဝါရင့်ကစားသမားဖြစ်တဲ့ ဂိုးသမားဘူဖွန်ဟာ အီတလီအသင်းအတွက် ဆုံးဖြတ်ချက်ပြန်လည်ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။ဘူဖွန်ဟာ အီတလီလက်ရွေးစင်အသင်းကနေ အနားယူသွားပြီလို့ ကြေညာထားခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ ဘူဖွန်ဟာ သူရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည် ပြောင်းလဲခဲ့ပြီလည်းဖြစ်ပါတယ်။ဒါကြောင့် လက်ရှိမှာ ဘူဖွန်ဟာ အီတလီအသင်းအတွက် ပြန်လည်ကစားပေးတော့မှာလည်းဖြစ်ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ Play -Off ပွဲစဉ်မှာ အီတလီအသင်းဟာ ဆွီဒင်အသင်းကို ရှုံးနိမ့်ခဲ့ပြီး အဲ့ဒိ ပွဲစဉ်အပြီးမှာပဲ ဘူဖွန်ဟာ လက်ရွေးစင်ကစားသမားဘဝကနေအနားယူပြီဖြစ်ကြောင်း ကြေညာခဲ့တာလည်းဖြစ်ပါတယ်။ယခုအချိန်မှာတော့ အီတလီအသင်းမှာ ပြန်လည်ကစားပေးသွားမှာဖြစ်ပြီး အာဂျင်းတီးနား၊ အင်္ဂလန် အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားမယ့် ခြေစမ်းပွဲများမှာ ပြန်လည်ပါဝင်သွားမှာလည်းဖြစ်ပါတယ်။ 

ဘူဖွန်က ယခုကိစ္စနဲ့ ပတ်သတ်ပြီး " လက်ရွေးစင်အသင်းဟာ လက်ရှိအပြောင်းအလဲတွေလုပ်ဆောင်နေချိန်မှာ တာဝန်တစ်ခုလောက် ပြန်လည်ယူရမယ်လို့ ကျွန်တော်ထင်မိပါတယ်။ဒါ့ကြောင့် ကျွန်တော်လက်ရွေးစင်အသင်းကို မစွန့်ခွာနိုင်သေးပါဘူး။အသင်းအတွက် ကျွန်တော်အမြဲအဆင်သင့်ရှိနေမှာပါ။မတ်လမှာ ကစားမယ့်ခြေစမ်းပွဲနှစ်ပွဲက အသင်းအတွက်အများကြီး အရေးကြီးပါတယ်။ဒါကြောင့် ကျွန်တော့်အနာဂတ်ကို မတွေးပဲ တာဝန်ယူမှုအပြည့်နဲ့ ကစားသွားမှာပါလို့ " ပြောသွားခဲ့ပါတယ်။

source - skynet sport channal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။