ချဲလ်ဆီးအသင်းဟာ သူတို့အသင်းရဲ့ ကစားသမား ဟာဇတ်ကို စာချူပ်သက်တမ်းတိုးဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။လက်ရှိမှာ ချဲလ်ဆီးအသင်းဟာ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေပြုလုပ်နေပြီလည်းဖြစ်ပါတယ်။ဟာဇတ်ဟာ ချဲလ်ဆီးအသင်းမှာအကောင်းဆုံးခြေစွမ်းတွေပြသနေတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူရန်စောင့်ကြည့်မှုတွေပြုလုပ်နေတာကြောင့် စာချူပ်သက်တမ်းတိုးဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ဟာဇတ်ဟာ ချဲလ်ဆီးအသင်းနဲ့ ချူပ်ဆိုထားတဲ့ စာချူပ်သက်တမ်းဟာ ၂၀၂၀ ခုနှစ်မှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ဒါကြောင့် ချဲလ်ဆီးအသင်းက ဟာဇတ် အသင်းမှာ ဆက်လက်ရှိနေဖို့ စာချူပ်သစ်ကိစ္စကို စတင်ဆွေးနွေးမှုတွေပြုလုပ်နေပြီလည်းဖြစ်ပါတယ်။ဟာဇတ်ကို စာချူပ်သစ်မှာ တပတ်လုပ်ခ ပေါင် ၃ သိန်းထိ ပေးဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။စာချူပ်သစ်ရဲ့ လစာအနေအထားအရ ဟာဇတ်ကို ချဲလ်ဆီးအသင်းမှာ ကာလကြာရှည် မြင်တွေ့ရဖို့ရှိနေတာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဟာဇတ်ကို ၂၀၁၃ ခုနှစ်က လိုင်လီအသင်းကနေ ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။အသင်းမှာ အကောင်းဆုံးခြေစွမ်းတွေပြသခဲ့ပြီး ချဲလ်ဆီးအသင်းနဲ့ ၅ နှစ်ကြာလက်တွဲထားခဲ့တာလည်းဖြစ်ပါတယ်။ဟာဇတ်ဟာ ယခုနှစ်ပရီးမီးယားလိဂ် ၂၄ ပွဲကစားထားပြီးချိန်မှာ ၁၁ ဂိုးသွင်းယူထားနိုင်ခဲ့ပြီး ၃ ဂိုးဖန်တီးပေးထားတာလည်းဖြစ်ပါတယ်။ 

source - skynet sport channal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။