နိုင်ငံကျော် ဆယ်လီတွဲလေးဖြစ်တဲ့ Justin Bieber နဲ့ Selena Gomez တို့ စုံတွဲလေးကတော့ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့ စုံတွဲလေး ဖြစ်တာကြောင့် ပရိသတ်တွေကို အမြဲ အားကျစေတဲ့ စုံတွဲလေးပါပဲ..။

အခုလည်း Selena က မကြာခင် ကျရောက်တော့မယ့် သူမရဲ့ ချစ်သူ Justin Bieber အတွက် ရိုမန်တစ်အဖြစ်ဆုံး မွေးနေ့ Surprise လေး ပြုလုပ်ပေးဖို့အတွက် စီစဉ်နေတယ်လို့ ဆိုပါတယ်..။

လာမယ့် မတ်လ(၁)ရက်နေ့မှာ ကျရောက်မယ့် Justin Bieber ရဲ့ အသက်(၂၄)နှစ်ပြည့် မွေးနေ့လေးအတွက် Selena က အရမ်းကို စိတ်လှုပ်ရှားနေပြီး ရိုမန်တစ်ဆန်တဲ့ လက်ဆောင်လေးပေးဖို့ စီစဉ်ထားတယ်လို့ သူတို့နဲ့ ရင်းနှီးသူ တစ်ဦးက ပြောပြခဲ့ပါတယ်..။

“မွေးနေ့လက်ဆောင်တွေ အားလုံးဖွင့်ပြီး၊ ပါတီလည်း ပြီးတာနဲ့ Selena က သူတို့နှစ်ယောက်တည်း အတူရှိနေနိုင်မယ့် နေရာတစ်ခုပြုလုပ်ဖို့ စီစဉ်ထားတယ်.. သူ့ချစ်သူရဲ့မွေးနေ့လေးကို ရိုမန်တစ်ဆန်ဆန်လေးနဲ့ မမေ့နိုင်အောင် အကောင်းဆုံုး လုပ်ပေးဖို့ ကြိုးစားနေတယ်..” ဆိုပြီး ပြောပြခဲ့တာ ဖြစ်ပါတယ်..။

ပရိသတ်တွေကတော့ အရမ်းကို ရိုမန်တစ်ဆန်ပြီး ရန်ခုန်စိတ်လှုပ်ရှားစရာ Birthday Surprise လေး ဖြစ်မယ်လို့ မျှော်လင့်နေကြတယ်လို့ သိရပါတယ်..။

ပြတ်လိုက် ပြန်ဆက်လိုက်ဖြစ်နေကြတဲ့ သူတို့ စုံတွဲလေးကတော့ (၂၀၁၇)ခုနှစ်မှာ အတည်အလင်း ပြန်တွဲခဲ့ကြပြီးနော် ပထမဆုံးအတူ ဆင်နွဲှနိုင်မယ့် Justin Bieber ရဲ့ မွေးနေ့လေးလည်း ဖြစ်ပါတယ်..။

Source - Hollywoodlife

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။