နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ကျော်ဆုတစ်ယောက် မန္တလေးမြို့ကိုရောက်ရှိလို့ နေပါတယ်။ MRTV 4 က ထုတ်လွှင့်တဲ့ " ထာဝရမန္တလေး " ဇာတ်ကားမှာပါဝင် သရုပ် ဆောင်ခဲ့ပြီးနောက်ပိုင်း ပရိတ်သတ်တွေသတိထားမိလာတဲ့ အမိုက်စားမင်းသား တစ်လက်ပါ ပဲ။ နာမည်ကျော်အဆိုတော် လွှမ်းပိုင်နဲ့လည်း ညီကိုတွေဖြစ်တယ်လို့သိရပါတယ်။ ညီဖြစ်သူ လွှမ်းပိုင်စီက အနုပညာနဲ့ ပက်သက် တဲ့ အကြံဉာဏ်တွေအများကြီးရတယ်လို့လည်းဆိုပါ တယ်။ တစ်ယောက်နဲ့တစ်ယောက် ဖေးမရင်း အပြန်အလှန်ကူညီကြတယ်လို့သိရပါတယ်။ ညီကိုနှစ်ယောက်ချစ်ချစ်ခင်ခင်ရှိကြတာ တကယ်ကို ပျော်စရာကြီးပါ ပရိတ်သတ်ကြီးရေ။

ဒီနောက်ပိုင်းမှာတော့ " ချစ်သူထွင်းတဲ့ အက္ခရာ " " လူရည်ချွန် " " ဥယျာဉ်မှုးဖြစ်ဖူးချင် သည် " စတဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိတ်သတ်တွေရဲ့ အားပေးမှု ကို အပြည့်အဝသိမ်းပိုက် သွားတဲ့ ခပ်ချောချောမင်းသားတစ်လက်လည်းဖြစ်ပါတယ်။ စွဲဆောင်မှုပြည့်တဲ့ အကြည့်စူးစူးတွေ အောက်မှာ နှုတ်ခမ်းနီမလေးတွေ အတုံးအရုံးကျ ဆုံးကုန်ပါတော့တယ်။ နောက်ဆုံးဇာတ်လမ်းတွဲ ဖြစ်တဲ့ " ဥယျာဉ်မှုးဖြစ်ဖူးချင်သည် " ဆိုတဲ့ ဇာတ်လမ်းတွဲမှာ " ရဲဂျာ " ဆိုတဲ့ ခပ်ဆိုးဆိုးကောင်လေး ဇာတ်ရုပ်ကနေ ပါဝင်သရုပ် ဆောင်ထားတာပဲဖြစ်ပါတယ်။

ပိုင်နိုင်လွန်းတဲ့ သရုပ်ဆောင်ကွက်တွေကြောင့် ပရိတ်သတ်တွေရဲ့ တခဲနက်အားပေးမှုကို အပြည့်အ၀ ရရှိထားတဲ့ ယောကျာ်းပီသတဲ့ မင်းသားချောတစ်လက်လည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ကိုရဲဂျာတစ်ယောက် မန္တလေးမြို့ကိုရောက်ရှိနေပြီး အလန်းစားပုံရိပ် တွေနဲ့ ပရိတ်သတ်တွေရဲ့ အသည်းကိုခြွေချလိုက်ပြန်ပါပြီ။ ကျော်ဆုရဲ့အလန်းစားပုံရိပ်တွေကို ပရိတ်သတ်ကြီးလည်း ထပ်တူမြင်တွေ့နိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်။

Photo - Kyaw Hsu's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။