အီဂျစ်နိုင်ငံနိုင်းမြစ်သန့်ရှင်းရေးနဲ့ ပတ်သတ်ပြီး ပြက်လုံးထုတ်ခဲ့တဲ့ အဆိုတော် Sherine Abdel Wahab ကိုထောင်ဒဏ် ၆ လသတ်မှတ်ခဲ့တယ်လို့သိရပါတယ်။ သူမကတော့ အီဂျစ်နိုင်ငံရဲ့ ကျော်ကြားလှတဲ့အဆိုတော်တစ်ဦးလဲဖြစ်ပါတယ်။ 

Sherine ကတော့ အာရပ်ဘာသာနဲ့ The Voice Tv ရှိုးမှာ ပရိတ်သတ်တစ်ဦးက သူမကို နိုင်းမြစ်ရေ သောက်ဖူးသလားဆိုတဲ့ သီချင်းကိုသီဆိုခိုင်းခဲ့တယ်လို့ိသိရပါတယ်။ သူမအနေနဲ့လဲ နိုင်းမြစ်ရေသောက်ရင် ကပ်ပါးကောင်တွေ ပါလာမယ်လို့ပြောကြားခဲ့တာဖြစ်ပြီး ထို ဗီဒီယိုလေးဟာလည်း online ပေါ်မှာပျံ့နှံ့လာတယ်လို့သိရပါတယ်။  

Sherine အနေနဲ့လဲ ထိုပြက်လုံးအတွက် ပြန်လည်တောင်ပန်မှုတွေပြုလုပ်ခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာတော့ တရားစွဲဆိုခံခဲ့ရတယ်လို့သိရပါတယ်။သို့ပေမယ့် သတင်းမှားတွေဖြန်ချီတယ်ဆိုပြီး ထောင်ဒဏ်သတ်မှတ်ခံခဲ့ရပေမယ့် အခုအချိန်မှာတော့ အယူခံဝင်ဖို့လဲရှိနေသလို အာမခံနဲ့လွှတ်ပေးထားတယ်လို့သိရပါတယ်။ 

source - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။