ဘရာဇီလ်းဂန္တဝင်ကစားသမား ရော်နယ်ဒင်ဟို စပါးအသင်းနဲ့ ပတ်သတ်ပြီး ချီးကျူးမှုတွေပြုလုပ်ခဲ့ပါတယ်။ဒါ့အပြင် စပါးအသင်းရဲ့ တိုက်စစ်မှုး ဟယ်ရီကိန်းကို လည်း ချီးကျူးပြောဆိုမှုတွေ ပြောသွားခဲ့တာလည်းဖြစ်ပါတယ်။ရော်နယ်ဒင်ဟို ဟာ စပါးအသင်းဟာ ချန်ပီယံလိဂ်ဖလားကို ဗိုလ်စွဲနိုင်တဲ့ အသင်းတသင်းဖြစ်တယ်လို့ ဆိုခဲ့တာလည်းဖြစ်ပါတယ်။

ရော်နယ်ဒင်ဟိုက ဟယ်ရီကိန်းနဲ့ ပတ်သတ်ပြီး " ဟယ်ရီကိန်းဟာ ဥရောပရဲ့ ဘယ်မသင်းမှာမဆို သွားရောက်ကစားနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။သူဟာ လက်ရှိမှာ ကမ္ဘာပေါ်ကအသင်းတိုင်းလိုချင်နေတဲ့ ကစားသမားအဆင့်ကို ရောက်ရှိနေပါပြီ။သူဟာ တကယ့်ကို အဆင့်တန်းရှိတဲ့ တိုက်စစ်မှူး တစ်ဦးဆိုတာ သက်သေပြထားနိုင်ခဲ့ပါပြီ" လို့ ဆိုခဲ့ပါတယ်။

ဒါ့အပြင် ရော်နယ်ဒင်ဟိုက ဆက်လက်ပြီး " ဒီရာသီ စပါးအသင်း ဘာလို့ချန်ပီယံလိဂ်ဖလား ဗိုလ်မစွဲနိုင်စရာ အကြောင်းရှိလို့လဲ? သူတို့ဟာ ဒီပြိုင်ပွဲမှာ မက်ဒရစ် ဘိုင်ယန် ဘာကာ တို့လို ဖိအားတွေ မျှော်လင့်ထားမှုတွေ မရှိပါဘူး။ ဒီဖလားကို ဆွတ်ခူးအောင် ကြိုးစားရာမှာ သူတို့အတွက် ဖိအားအများကြီးမရှိပါဘူး။ ဒါပေမယ့် ချန်ပီယံလိဂ်မှာ ဗိုလ်စွဲအောင် စွမ်းဆောင်နိုင်တဲ့ ကစားသမားတွေ သူတို့မှာရှိနေပါတယ်။ အရာအားလုံးဖြစ်နိုင်ပါတယ်။” လို့ ချီးကျူးမှုတွေပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

source - sports myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။