အနုပညာလောကထဲမှာ ထွန်းလင်းနေတဲ့ကြယ်တစ်ပွင့်ဖြစ်တဲ့ နန်းဆုဦးကိုတော့ ပရိတ်သတ်တွေအကုန်လုံး ချစ်ခင်ကြမယ်ထင်ပါတယ်။ ဘိုဆန်ဆန်လေးနဲ့ အမြဲဖက်ရှင်ကျလှပနေတဲ့ သူမကတော့ သရုပ်ဆောင်မင်းသမီးလေးတစ်ဦးဖြစ်ပါတယ်။

နန်းဆုဦးကတော့ လတ်တလောမှာ မဟူရာရုပ်ရှင်ရုံဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပြီးစီးခဲ့ပါတယ်။ အနုပညာလှုပ်ရှားမှုအနေနဲ့တော့ ရုပ်ရှင်ဇာတ်ကားတွေ ဗီဒီယိုတွေရိုက်ကူးနေနေပါတယ်။ ဟာသဇာတ်ကားထဲမှာ ပါဝင်ရိုက်ကူးမှု နည်းနေတဲ့အကြောင်းအရင်းလေးကတော့ ဝမ်းစာဖြည့်နေတုန်းအချိန်မှာ မပိုင်နိုင်သေးတဲ့ဇာတ်ရုပ်ပိုင်းကို သိပ်ပြီးတော့မရိုက်ကူးဖြစ်တာလို့ သိရပါတယ်။

နန်းဆုရဲ့ သရဲကားတွေ၊ ဒရမ်မာဇာတ်ကားတွေဟာ မကြာမှီထွက်ရှိလာတော့မှာဘဲဖြစ်ပါတယ် ပရိတ်သတ်ကြီးတို့ရယ်။ နန်းဆုကို အနုပညာလမ်းကြောင်းပေါ် စတင်လျှောက်လမ်းလာကတည်းက ချစ်ခင်နှစ်သက်အားပေးခဲ့ကြတဲ့ ပရိတ်သတ်ကြီးတို့လည်း ရှေ့လျှောက်နန်းဆုရဲ့ အနုပညာဖန်တီးကြိုးစားမှုလေးတွေကို စောင့်မျှော်အားပေးကြပါအုံးနော်။

PHOTO - NAN SU OO

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။