သင်မှာ အိပ်မောကျတဲ့အခါ ဟောက်တက်တဲ့အကျင့်ရှိပါသလား ? ဒါဆိုရင် ဒီအကြောင်း အရာလေးက သင့်အတွက် အများကြီး အထောက်အကူပြုစေမှာပါ။ ဒီအကျင့်တွေကို ဖျော က်ပစ်ဖို့ ဘယ်လိုတွေလုပ်ကြမလဲဆိုတာ ကြည့်ရအောင်နော် ။

(၁) အိပ်ယာဝင်ခါနီးမှာ အရက်သေစာတွေနဲ့ မာကြောတဲ့အစားအသောက်တွေကို ရှောင်ကြဉ်ပါ ။

(၂) ကိုယ်အလေးချိန်ကို လျော့ချပါ။ ဝတဲ့လူတွေက ပိုပြီးဟောက်တက်ကြတာကို သင် သတိထား မိမယ်ဆိုရင် ခုကစပြီး ကိုယ်အလေးချိန်ကိုထိန်းလိုက်ပါ ။

(၃) အိပ်တဲ့ပုံစံကိုလည်း ပြောင်းကြည့်ပါ။ ပတ်လက်အနေအထားကြောင့် အသက်ရှူ ထုတ်တဲ့အခါ တုန်ခါမှုတွေနဲ့ အသံတွေကို ကျယ်လောင်စွာထွက်ရှိဖို့ ဖိအားပေး တက် ပါတယ်။ ဒါကြောင့် အိပ်တဲ့ပုံစံကို ပြောင်းလဲကြည့်ပါ ။

(၄) အားပြင်းပြင်းနဲ့ အသက်ရှူလေ့ကျင့်ခန်းတွေ လုပ်ပါ။ အသက်ရှုနှေးတာတွေက လည်ချောင်းနဲ့ အသက်ရှူလမ်းကြောင်း အလုပ်လုပ်ပုံကို အနှောင့်အယှက် ဖြစ်စေပါတယ်။

(၅) အရောင်စူးစူးအလင်းရောင်တွေကို ရှောင်ကြဉ်ဖို့လဲ မမေ့ပါနဲ့ ။

လုပ်ဆောင်ဖို့ ခက်ခဲတဲ့ နည်းလမ်းတွေ မဟုတ်တာမို့ တစ်ခါလောက် စမ်းလုပ်ကြည့်ဖို့တော့ တိုက်တွန်းချင်ပါတယ်။ ဟောက်တက်တဲ့ သင့်အကျင့်တွေကို ဖျောက်ပစ်ဖို့ အားနည်းနည်း လောက် စိုက်ကြည့်လိုက်ပါ ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။