မြန်မာနိုင်ငံရဲ့ နာမည်ကြီးမင်းသားချော ကျော်ကျော်ဗိုကတော့ အနုပညာလောကရဲ့ နာမည်ကိုပိုမိုကျော်ကြားစေတော့မှာအမှန်ပဲဖြစ်ပါတယ်။ လက်ရှိ Bollywood မှာနာမည်ကြီးအိန္ဒိယမင်းသမီးတစ်လတ်ဖြစ်တဲ့ Riya Ray ကိုတော့ ပရိသတ်များ သိကြမယ်ထင်ပါတယ်။ မကြာသေးမီက မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး ပရိသတ်အချစ်တော်များနဲ့ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

အဆိုပါ အိန္ဒိယမင်းသမီး Riya Ray ကတော့မြန်မာ့နာမည်ကျော်မင်းသား ချောနေတိုး ၊ မင်းသွေး ၊ကျော်ကျော်ဗိုနှင့် နန်းစုဦး တို့နှင့်အတူ ဓာတ်ပုံများတွဲရိုက်ခဲ့တာတွေ့ရပါတယ်။ အဆိုပါအနုပညာရှင်များထဲမှာ သရုပ်ဆောင်ကျော်ကျော်ဗိုကို တော့ မြန်မာ့၈ျက်စပဲရိုး ဟူ၍ တင်စားခေါ်ဝေါ်ခဲ့တာတွေ့ရပါတယ်။ နာမည်ကြီးမင်းသားကြီး Johnny Depp နှင့်တူကြောင်းပြောခံခဲ့ရတဲ့ ကျော်ကျော်ဗိုရဲ့ ဓာတ်ပုံကို သူမရဲ့ လူမှုစာမျက်နှာပေါ်တွင် တင်ထားခဲ့တာလည်း တွေ့ရပါတယ်။

ပရိသတ်အချစ်တော်မင်းသားချော ကျော်ကျေ်ာဗိုက ဂျက်စပဲရိုးမင်းသားကြီး Johnny Depp နဲ့ တူတယ်ဆိုတဲ့ဓာတ်ပုံလေးကတော့ တကယ်တူတယ်ထင်ပါတယ်။ ကဲပရိသတ်ကြီးရေ မြန်မာ့ဂျက်စပဲရိုး Johnny Depp ရဲ့ ဓာတ်ပုံလေးတွေနဲ့ အတူ တူမတူ ကြည့်ကြည့်လိုက်ပါအုန်းနော်။

Source - Kyaw Kyaw Bo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။