တောင်ကိုရီယားရဲ့ ပရိသတ် အချစ်တော် G-Dragon ကတော့ စစ်မှုထမ်းတာဝန်တွေကို စတင်ထမ်းဆောင်နေပြီ ဖြစ်ပါတယ်..။

ဖေဖော်ဝါရီ (၂၇)ရက်နေ့မှာ စစမှုထမ်းတာဝန်တွေကို စတင်ထမ်းဆောင်နေပြီး အရင်ဦးဆုံး Gangwon ပြည်နယ် Cheorwon ခရိုင်မှာရှိတဲ့ 3rd Infantry Division တပ်သားသစ် လေ့ကျင့်ရေးခန်းကို ဝင်ရောက်ခဲ့တာပါ..။

G-Dragon ဟာ လေ့ကျင့်ရေးစခန်းမှာ ငါးပတ်ကြာ လေ့ကျင့်မှုတွေ ပြုလုပ်သွားရမှာ ဖြစ်ပြီး လေ့ကျင့်မှုတွေ ပြီးမှ စစ်မှုထမ်းတာဝန်တွေကို စတင်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်..။

စစ်မှုမထမ်းခင်မှာတော့ G-Dragon ဟာ BIGBAND အဖွဲ့ဝင်တွေ၊ အခြားသူငယ်ချင်းတွေနဲ့ နှုတ်ဆက်တွေ့ဆုံခဲ့ပါတယ်..။

G-Dragon စစ်မှုထမ်းသွားမယ့် နေ့မှာပဲ Yang Hyun Suk က G-Dragon နဲ့ နှစ်ယောက်တွဲ ဓါတ်ပုံနှစ်ပုံတင်ခဲ့ပြီး အဲ့ဒီပုံရဲ့ caption မှာတော့… “……” လို့ ရေးပြီး တင်ထားတာ တွေ့ရပါတယ်..။

G-Dragon ကတော့ (၂၀၁၉) ခုနှစ် နိုဝင်ဘာ (၂၆)ရက်နေ့ရောက်မှသာ စစ်မှုထမ်းတာဝန်တွေ ပြီးဆုံးမှာဖြစ်ပါတယ်..။

သူ့ရဲ့ ပရိသတ်တွေကတော့ လွမ်းနေတော့မှာပါပဲ..

Source - Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။